ကားပေါ်တင်ထားသော အဝတ်ထုပ် ခိုးယူသူများ CCTV မှတ်တမ်းအရ အလုံမြို့နယ် ရဲတပ်ဖွဲ့မှ ဖော်ထုတ်

 ရန်ကုန်  သြဂုတ်  ၁၂

ရန်ကုန်တိုင်း ဒေသကြီး စိန်ဂေဟာ ဂိုဒေါင် အမှတ် (၄၂၃)အောက် ကြည့်မြင်တိုင်လမ်း ဂဠုန်ရပ်ကွက် အလုံမြို့နယ်တွင်  နေထိုင်သော ဒေါ်လဲ့လဲ့ဝင်း သည် သြဂုတ် ၁ဝ ရက် နံနက် ၁၁ နာရီက ဂိုဒေါင်မှ စိန်ဂေဟာ အရောင်းဆိုင်များသို့ ပေးပို့ရန် လူသုံးကုန် ပစ္စည်းများကို ၈ဂ/... Town Ace လိုက်ထရပ် ယာဉ်ပေါ်သို့ တင်ထားပြီး အလုပ်သမားများ ထမင်းစားနေစဉ် ယာဉ်ပေါ်တွင် တင်ထားသည့် ပီနံအိတ် အဖြူတွင် ထည့်ထားသော ဘောင်းဘီ အထည် ၃ဝ၊  မိန်းမဝတ် အင်္ကျီ ၁ဝ ထည်၊  ရှပ်အင်္ကျီလက်တို ၁ဝ ထည်၊ ကလေးဝတ်ဂါဝန် အထည် ၃ဝ စုစုပေါင်းတန်ဖိုး ၇၃၅ဝဝဝ ပျောက်ဆုံး သွားသောကြောင့် သြဂုတ် ၁၁ ရက်က   အလုံမြို့မ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အခင်းဖြစ် အရပ်ရှိ CCTV မှတ်တမ်းအား ရယူ၍ စုံစမ်းခဲ့ရာ အဝတ်အထည် ခိုးယူသူများမှာ လှိုင်သာယာမြို့ ၁၈ ရပ်ကွက်နေ မိချော(ခ)မီးခွက်၊ စိုးစိုး(ခ)မခင်စိုးသန်းတို့ ဖြစ်ကြောင်း  သိရသဖြင့် သက်ဆိုင်ရာ ရပ်ကွက် လူကြီးများနှင့် သွားရောက် ဖမ်းဆီးပြီး   စစ်ဆေးခဲ့ရာ ကားပေါ်မှ ခိုးယူလာသော ပစ္စည်းများအား မခင်စန္ဒာအောင်မှ တစ်ဆင့် ရောင်းချထားသည့် ရွှေရင်အေး ဈေးလမ်းရှိ ဇူးဖူးစတိုးဆိုင်မှ အထည်မျိုးစုံ ၅၆ ထည်  စုစုပေါင်း   တန်ဖိုးငွေကျပ် ၃၅၉၅ဝဝ အား သိမ်းဆည်း ရမိခဲ့ပြီး ကျန်ရှိ  ပစ္စည်းများကို ဆက်လက် သိမ်းဆည်း ဆောင်ရွက်ရန်စီစဉ်ထားပြီး အမှုအား အမြန်ဆုံး တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 Written by  ကေတု
မြ၀တီ
http://www.myawady.net.mm/allnews/crimenews/item/48087-2014-08-13-09-46-18

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ