အသည်းရောင်အသားဝါစီပိုးရှိသူနှင့် သံဓာတ်

  ကျွန်တော်တို့၏ အသည်းထဲတွင် သံဓာတ် များပါက အသည်း ထိခိုက် နိုင်ပါသည်။ အသည်း ခြောက်ခြင်း နှင့် အသည်း ကင်ဆာ ဖြစ်ပွား နိုင်ပါသည်။ အသည်းရောင် အသားဝါ စီပိုး ရှိသူများတွင် သံဓာတ်များ နေပါက အသည်း ကင်ဆာ ပို၍ ဖြစ်ပွား နိုင်ပါသည်။

သံဓာတ်များ နေသော စီပိုး ရှိသူများကို စီပိုး သေဆေးများနှင့် ကုသရာ တွင်လည်း စီပိုးသည် မပျောက်ဘဲ ဖြစ်နိုင် ပါသည်။ သံဓာတ်သည် စီပိုးများ ပွားခြင်းကို အားပေး ပါသည်။ ထို့ကြောင့် အသည်းရောင် အသားဝါ စီရောဂါ ရှိသော သူနှင့် သံဓာတ်သည် လုံးဝ မတည့်ခြင်း ဖြစ်သည်။ သံဓာတ်သည် စီပိုး ရောဂါသည် တစ်ဦး အတွက် အန္တရာယ်တစ်ခု အနေဖြင့် သတ်မှတ်ထား ရပါမည်။

သံဓာတ်များသော အစားအစာများကို စားမိခြင်းကြောင့် စီပိုးရှိသော သူများ၏ ခန္ဓာကိုယ်တွင် သံဓာတ်များ စုပုံ နေတတ် ပါသည်။ သံဓာတ် အများဆုံး ပါဝင်သော အစားအစာများမှာ ကြက်အသည်း၊ ဘဲအသည်း၊ ဝက်အသည်း၊ အမဲအသည်းနှင့် တခြား အသည်းများ ဖြစ်ပါသည်။

မည်သည့် သတ္တဝါပင် ဖြစ်စေ သံဓာတ်သည် အသည်းတွင် စုပုံ နေတတ် သောကြောင့် ဖြစ်သည်။ သံဓာတ်များသည့် စီပိုးရှိသော သူတွင် လွန်ကဲစွာ ဝင်ခြင်းကြောင့် အသည်းကင်ဆာ ဖြစ်ပွားမှုကို ပို၍ဖြစ်ပွား စေပါသည်။ ထို့ကြောင့် စီပိုးရှိသော သူများသည် အသည်းကို လုံးဝမစားဘဲ ရှောင်ကြဉ် ရပါမည်။ စီပိုးရှိသော သူများသည် အရွက်စိမ်း များကို လွန်ကဲစွာ မစားသင့်ပါ။ ထိုအရွက်စိမ်းများ (ဥပမာဘူးရွက်၊ ဟင်းနုနယ်၊ ကန်စွန်းရွက်)တွင် သံဓာတ်များ အတော်အသင့် ပါဝင်သောကြောင့် ဖြစ်ပါသည်။ စီပိုးရှိ သူများသည် သံဓာတ် များသည့် အနီရောင် ရှိသော အသားများ (ဥပမာ-အမဲသား၊ ဂျီသား၊ ဆတ်သား) စသည်တို့ကို ရှောင်ရပါမည်။ အမဲသားတွင် သံဓာတ်များစွာ ပါဝင်သောကြောင့် အသည်းကို လွန်စွာ ဒုက္ခပေးပါသည်။ သံဓာတ်ပါသော အစားအသောက်များကို ရှောင်ရသကဲ့သို့ သံဓာတ်များစွာ ပါဝင်သော ဗီတာမင် အားဆေးများ ကိုလည်း ရှောင်ရပါမည်။ တချို့သော အားဆေးများတွင် သံဓာတ်နှင့် ဗီတာမင် စီဓာတ် ပါဝင်မှု များစွာ ထည့်ထား ပါသည်။ အားနည်းလို့ သောက်သော ဆေးသည် မိမိ၏ အသည်းကို ဒုက္ခပေးခြင်းရှိ၊ မရှိ ကြည့်ရှုပြီး သောက်ရပါမည်။ သို့မှသာ သံဓာတ် များခြင်းကြောင့် ဖြစ်ပွားသော အသည်း ခြောက်ခြင်းနှင့် အသည်း ကင်ဆာဖြစ်ပွားမှု အန္တရာယ်မှ ကင်းဝေး နိုင်ပါသည်။ စီပိုးရှိသော သူများသည် သံဓာတ်များသော အစားအစာ ( ဥပမာ-အသည်း၊ အမြစ်၊ ကလီစာ၊ သွေးခဲများ)ကို ရှောင်ရပါမည်။ ဗီတာမင်စီနှင့် သံဓာတ် အနည်းအကျဉ်း ပါသော အားဆေးများကို သာ သောက်သင့် ပါသည်။ အစိမ်းရောင် ရှိသော ဟင်းသီး ဟင်းရွက်များကို ချင့်ချိန် စားသောက် သင့်ကြောင်း အကြံပြု အပ်ပါသည်။ ။

ဒေါက်တာမြင့်သန်းထွန်း

မြ၀တီ
https://www.facebook.com/mwdmedia


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ