ဗီတာမင် ဆေးဝါးများ နေ့စဉ် သောက်ရန် မသင့်

 ယနေ့ မီဒီယာများမှာ မပါမဖြစ် နေရာယူ ဖော်ပြလာတဲ့ အခန်း ကဏ္ဍမှာ ဗီတာမင် ဆေးဝါး ကြော်ငြာတွေ ပါဝင် နေတယ်။

ဗီတာမင် ဆေးဝါးတွေကို နေ့စဉ် သုံးစွဲဖို့ လိုကြောင်းနဲ့ မှတ်ဥာဏ် ကောင်းစေဖို့၊ အစာ ကြေစေဖို့နဲ့ အင်အား ဖြစ်စေဖို့ အိပ်ကောင်း စားဝင်အောင် ညွှန်းဆိုပြီး နေ့စဉ် သောက်ရင် အစဉ် နုပျိုစေ သယောင် ထင်ယောင်ထင်မှား ကြော်ငြာ နေကြတယ်။ တစ်ခု သိထားဖို့က အစားအသောက် ပြည့်ပြည့်ဝဝ စားသုံးမယ် ဆိုရင် ဗီတာမင် ဆေးဝါးများ အကူ မလိုအပ်ကြောင်း သိဖို့ လိုတယ်။ အမှန် အကျိုးရှိတာနဲ့ ပိုမိုတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ကြောင့် အဝ လွန်ခြင်း၊ ပိုမိုဝခြင်း ဖြစ်လာ တတ်တယ်။ အစာနဲ့ အာဟာရ ပညာရှင်များကို မေးကြည့်ရင်လည်း ဗီတာမင် ဆေးဝါးတွေမှာ ပါတဲ့ ဗီတာမင်ဟာ အစားအစာမှာ အလုံအ လောက် ပါရှိသဖြင့် သာမန် ကျန်းမာနေသူ အဖို့ မလိုအပ်ဟု ဖြေကြ ပါလိမ့်မယ်။

အချို့ ဆေးကုမ္ပဏီတွေမှာ ပါဝင်တဲ့ ဆေးစာရင်းတွေမှာ အေမှ ဇက် (A to Z) အထိ ရေးထားပြီး လှပစွာ ထုပ်ပိုးကာ ဈေးတင် ရောင်းတတ် ကြတယ်။ ဈေးကြီး ပေးရင် ကောင်းတယ် ထင်တဲ့ ဆွဲဆောင်မှုဖြင့် ရောင်းချ နေတယ်။ အဲဒီအခါ လူတွေက မလိုဘဲ အားဆေး သောက်လာ ကြတော့တယ်။ တစ်ခါက ကလေး မိဘတစ်ဦးက ငါးကြီးဆီ သောက်ရင် ဗီတာမင် ဒီနဲ့အီး ရတယ် ဆိုပြီး အသားအရေ ချောမွတ်စေဖို့ ငါးကြီးဆီ ကို တစ်နေ့ တစ်ဇွန်း သုံးကြိမ်တိုက်ရာ ကြာလာတော့ ယားယံပြီး ဆေးရုံ ရောက်လာတယ်။ သွေးစစ်ဆေး ကြည့်တော့ သွေးထဲမှာ ထုံးဓာတ် (ကယ်လ်စီယမ်) မြင့်တက်နေပြီး ထုံထုံကျဉ်ကျဉ် ဖြစ်နေကြောင်း တွေ့ရတယ်။ ကလေးငယ်ကို ဗီတာမင်အေ တိုက်ကျွေးမှု များလို့ တစ်နှစ်ကြာရင် နှလုံးသွေး ရပ်ပြီး သေဆုံး သွားနိုင်တယ်။ ဗီတာမင် အေဟာ ပိုလျှံရင် ဆီးက စွန့်ပစ်ပေမယ့် သိပ်များရင် သေဆုံး နိုင်တယ်။

ဗီတာမင် အားဆေး လိုအပ်တဲ့ သူတွေကတော့-

(၁) ကိုယ်ဝန် ဆောင်ချိန်နဲ့ မွေးဖွားပြီး နို့တိုက်နေသည့် ကာလမှာ-မိခင် အတွက်သာမက သန္ဓေသားနှင့် ကလေး အတွက်ပါ လိုတယ်။

(၂) ဆေးလိပ် အလွန်သောက်ခြင်း-ယင်းဟာ သွေးထဲရှိ ဗီတာမင် စီဓာတ်ကို များစွာ လျော့နည်းစေလို့ ကျန်းမာရေး မထိခိုက်အောင် ချင့်ချိန် သောက်ရမယ်။

(၃) သန္ဓေတားဆေး သောက်တဲ့ အမျိုးသမီးများ- သန္ဓေတားဆေးပါ အီစတြိုဂျင် မဟော်မုန်း ဓာတ်ဟာ ဗီတာမင်များရဲ့ ကိုယ်ခန္ဓာအတွင်း ဇီဝကမ္မဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်မှုကို ဖျက်ဆီး နှောင့်ယှက်တဲ့ အတွက် ဗီတာမင်ဘီ အထူး လိုအပ်တယ်။

(၄) စိုးရိမ် သောကများသူ- စိတ်ဖိစီးမှု၊ ကြာရှည် ခံစားသူများဟာ အားအင် ကုန်ခန်းပြီး နုံးချည့်ခြင်း၊ စားသောက်ချင်စိတ် ကုန်ခန်းခြင်း၊ အာရုံစူးစိုက်မှု ကောင်းစွာ မပြုလုပ်နိုင်ခြင်းနဲ့ အာရုံကြောများ ဆိုင်ရာ ဝေဒနာများ ခံစားရလေ့ရှိပြီး ဗီတာမင်ဘီ အားဆေးများနဲ့ ဗီတာမင်စီဓာတ် အထူး လိုအပ်ပါတယ်။

(၅) ဆယ်ကျော်သက် လူငယ်များ-ထမင်း၊ ဟင်း စတဲ့ အာဟာရဓာတ် ပြည့်ဝတဲ့ အဓိက အစားအစာ မစားကြဘဲ မုန့်ပဲသရေစာ အစားများရင်၊ ခန္ဓာကိုယ် ကြီးထွား မြင့်မားဖို့ ဗီတာမင် လိုလို့ ကျွေးသင့်တယ်။

(၆) အပြင်းအထန် နာမကျန်း ဖြစ်ပြီး နာလန်ထချိန်-အစားအစာ အဝင်နည်းသဖြင့် ခန္ဓာကိုယ် ပါးလျလာချိန်၊ အဆီချ၍ အစားအစာ လျှော့စားတဲ့ အချိန်များမှာနဲ့ နာလန်ထချိန်မှာ ဗီတာမင် လိုအပ်တယ်။

(၇) အင်အား သုံးရသော အားကစား လုပ်ရသူများ- အင်အားသုံး အားကစား (ဘောလုံး၊ ရေကူး၊ လက်ဝှေ့) စသည်တို့မှာ စားသောက်သော အာဟာရ သာမက ဗီတာမင် လိုအပ် တတ်ပါတယ်။ ။

ဒေါက်တာလွင်သန့် (ဆေး-၂)
မြ၀တီ
https://www.facebook.com/mwdmedia?fref=nf


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ