အိန္ဒိယ နိုင်ငံမှ လယ်သမား အမျိုးသမီး ကျားသစ်ကို ဂေါ်ပြားဖြင့် သတ်ဖြတ်နိုင်ခဲ့


အိန္ဒိယနိုင်ငံမှ အသက် ၅၄ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးသည် သူမ၏ လယ်ယာ သုံး ပစ္စည်း ကိရိယာကို အသုံးပြု၍ ကျားသစ်တစ်ကောင်ကို သတ်ဖြတ် နိုင်ခဲ့ကြောင်း သိရသည်။

ကမ်လာဒီဗီ အမည်ရှိ အဆိုပါ အမျိုးသမီး ကြီးသည် အူတရာခမ်းမြို့ ရူဒရာပရာယက် ခရိုင်အတွင်းရှိ သူမ၏ ကျေးရွာသို့ အပြန်လမ်းတွင် ကျားသစ်တစ်ကောင်နှင့် တွေ့ကြုံ ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ ကျားသစ်နှင့် တွေ့ကြုံ ရင်ဆိုင်နေရချိန်တွင် အနီးအနား၌ အကူအညီပေးမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ခြင်းကြောင့် ကမ်လာဒီဗီသည် သူမနှင့်အတူ ပါလာသည့် ဂေါ်ပြားကို အသုံးပြု၍ ကျားသစ်ကို တစ်နာရီ နီးပါးကြာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကမ်လာဒီဗီသည် ဒေသတွင်းရှိ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ