လမ်းဘေးတွင်ရပ်ထားသော ယာဉ်(၅)စီးကို တိုက်မိမှုဖြစ်

 ရန်ကုန်၊ သြဂုတ် ၁၄

 ၁၃.၈.၂၀၁၄ ရက်နေ့ ၀၁၀၅ အချိန်တွင် ဗိုလ်တထောင်မြို့နယ်၊ (၄၇)လမ်းအတိုင်း ဗိုလ်ချုပ်လမ်းဘက်မှ အနော်ရထာ လမ်းဘက်သို့ ယာဉ်မောင်း ကိုမင်းထက်အောင်၊ (၂၅)နှစ် မောင်းနှင်လာသော 7D---- ပရိုဘောက် အဖြူရောင်ကိုယ်ပိုင်ယာဉ်သည် အနော်ရထာလမ်းထိပ်အနီးအရောက် လမ်းဘေး ၀ဲ/ယာ၌ရပ်ထားသော 2F ---- Mark X ဆလွန်းယာဉ်၊ ယာယီ----/14 တိုယိုတာ ဗစ်ယာဉ်၊ 2F---- လိုက်အေ့စ် ပစ်ကပ်ယာဉ်၊ ၉ဂ/---- နစ်ဆန်း စကိုင်းလိုင်းယာဉ်နှင့် လိုက်ထရပ်ယာဉ်တို့အား ၀င်ရောက် တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၆)စီးပျက်စီးခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ကိုမင်းထက်အောင်အား ဗိုလ်တထောင်မြို့မရဲစခန်း ယာဉ်(ပ)၂၁/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ