ရပ်ထားသော နောက်တွဲယာဉ်အား ဆိုင်ကယ်မှ ၀င်ရောက်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင်သူသေဆုံး

ရန်ကုန်၊ သြဂုတ် ၁၄

၁၂.၈.၂၀၁၄ ရက်နေ့ ၁၉၄၅ အချိန် မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းအတိုင်း မင်္ဂလာဒုံ ဘက်မှ ထောက်ကြန့် ဘက်သို့ မင်္ဂလာဒုံမြို့နယ်နေ ကိုသန်းဝင်းအောင်(၂၃)နှစ် စီးနင်းမောင်းနှင်လာသော ၃၃ယ/----- ANBO-125 အမျိုးအစား နက်/ဖြူရောင် ဆိုင်ကယ်သည် မြန်မာစီပီလိုက်ဖ်စတော့ခ်ကုမ္ပဏီ လီမိတက်ဝင်းရှေ့အရောက် ယာဘက်လမ်းစပ်၌ရပ်ထားသော သာကေတမြို့နယ်နေ ဦးထွန်းညို မောင်းနှင်သည့် ၁ဃ/----- ထရပ်တာ အငှားယာဉ်တွင်တွဲထားသော နတ/---- နောက်တွဲ ယာဉ်၏ နောက်ပိုင်းအား ၀င်ရောက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ ကိုသန်းဝင်းအောင်တွင် ယာနားထင် ပေါက်ပြဲ၊ ရင်ဘတ် ပွန်း၊ ၀ဲပါးပွန်းဒဏ်ရာများရရှိကာ အင်းစိန်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး သွားခဲ့ပါသည်။

ယင်းသို့ ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ ကိုသန်းဝင်းအောင်(သေဆုံး)အား မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်း ယာဉ်(ပ)၄၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police
https://www.facebook.com/yangonpolice

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ