မြန်မာ့ လက်ဝှေ့ ကျော်များ အောင်ပွဲ ခံခဲ့သည့် မြန်မာ- ထိုင်း ONE ON ONE BIG FIGHT လက်ဝှေ့ စိန်ခေါ်ပွဲ

 ရန်ကုန်မြို့ သိမ်ဖြူ အားကစားခန်းမ၌ ယနေ့ ညနေပိုင်းတွင် ကျင်းပခဲ့သည် ONE ON ONE BIG FIGHT လက်ဝှေ့ပွဲကြီးတွင် ထိုင်းလက်ဝှေ့သမား အများစုကို မြန်မာ့ ရိုးရာ လက်ဝှေ့ သမားများက အနိုင်ရရှိခဲ့ကာ အောင်ပွဲ ခံနိုင်ခဲ့သည်။

ONE ON ONE BIG FIGHT လက်ဝှေ့ပွဲကြီး၏ ပထမပွဲစဉ် ဖြစ်သည့် ဝက်ခ်ျနာ (ထိုင်း)နှင့် စောဒါးပို့တို့ ပွဲစဉ်တွင် ဝက်ခ်ျနာက ပထမအချီ၌ပင် အနိုင်ရရှိ ခဲ့သည်။ ရဲမြတ်အောင် (အဖြူရောင် သွေးသစ်)နှင့် ဂွန်ချန် (ထိုင်း)တို့ပွဲစဉ်မှာ သရေဖြင့်သာ ပြီးဆုံးခဲ့သည်။ ပွဲစဉ်(၃)ဖြစ်သည့် ရန်တိုင်းကျော် (ဝါဆို)နှင့် ဖားမွန်ခွန် (ထိုင်း)တို့ ပွဲစဉ်နှင့် ရဲတံခွန် (အလင်းရောင်)နှင့် ဖက်နီခွန် (ထိုင်း) တို့၏ ပွဲစဉ်နှစ်ခု လုံးမှာလည်း သရေဖြင့်သာ ပြီးဆုံးခဲ့သည်။ ပွဲစဉ် (၅) ဖြစ်သည့် စောဂေါ်မူတို (သတ္တိ)နှင့် ဖာခေါ (ထိုင်း)တို့ ပွဲစဉ်တွင် စောဂေါ်မူတိုက ပထမ အချီ၌ပင် အလဲထိုး အနိုင် ရရှိခဲ့သည်။

သပြေညို (ဘိလပ်မြေစက်ရုံ) နှင့် တစ်နိုင်ငံ တည်းသား နာမည်ကျော် ပါဝိကို သုံးကြိမ်အနိုင် ထိုးသတ် ထားသည့် နက်တဒက် (ထိုင်း)တို့ပွဲစဉ်တွင်လည်း သပြေညို (ဘိလပ်မြေစက်ရုံ)က တတိယ အချီ၌ နက်တဒက် (ထိုင်း)ကို အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

နာမည်ကြီးပြီး အသက်အကြီးဆုံးဖြစ်သည့် သတ္တိအောင် (တောင်ကလေး)နှင့် ဖူဟိုင်(ထိုင်း) တို့၏ မကျေပွဲ ပြန်တွေ့ကြသည့် ပွဲစဉ်တွင် သတ္တိအောင်၏ ခေါင်းတိုက် ချက်ကြောင့် မျက်ခုံးကွဲကာ ဆက်လက် မယှဉ် နိုင်တော့ဘဲ တတိအချီမှာပင် သုံးချီမှာပင် ဖူထိုင်း (ထိုင်း)က သတ္တိအောင် (တောင်ကလေး)ကို အရှုံးပေးခဲ့ ရသည်။ နာမည်ကြီး စိန်ခေါ်ပွဲများဖြစ်သည့် ဟူးဟူး(နဂါးမာန်) နှင့် ခရွန်(ထိုင်း) တို့ပွဲစဉ်နှင့် စိုးလင်းဦး (ဒို့ရိုးရာ)နှင့် ပါဝိ(ထိုင်း) တို့ပွဲစဉ် နှစ်ပွဲစလုံး တွင် မြန်မာ့ လက်ဝှေ့ သမားများ ကအသာဖြင့် သရေရလဒ် ဖြစ်ခဲ့သည်။ စိုးလင်းနှင့် နာမည်ကြီး ပါဝိတို့ ပွဲစဉ်သည် ယနေ့ကျင်းပသည့် ပွဲများတွင် ပရိသတ် အားအပေးဆုံးနှင့် ပရိသတ် များ၏ ဆုကြေးလည်း အများဆုံး ရခဲ့သည်။

နာမည်ကြီး ပါဝိသည် လက်ဝှေ့ထိုးရာတွင် မာယာ သုံးတတ်သလို ယခုပွဲစဉ်တွင်လည်း စိုးလင်းဦး၏ တိုက်စစ်အောက်၌ သက်လုံ ကျနေမှုကို ကုစားရန် မာယာများ ခဲ့သည့်ကို တွေ့ရသည်။

ထွန်းထွန်းမင်း (မုဒုံ)နှင့် ဝိရာပိုလ် (ထိုင်း) တို့ ပွဲစဉ်တွင် ထိုင်းလက်ဝှေ့ သမား ဝိရာပိုလ်မှာ ထွန်းထွန်းမင်း (မုဒုံသား)ကို ခန္ဓာကိုယ်အရ ရောလက်ဝှေ့ ပညာအရပါ လုံးဝမ ယှဉ်နိုင်ဘဲ ပွဲစကတည်းက အခံဘက် ကသာ ရှိသည်။ ထွန်းထွန်းမင်း (မုဒုံသား)က ဝိရာပိုလ်(ထိုင်း) ကို အားပါလှသော ထိုးချက်၊ ကန်ချက်၊ ဒူး တိုက်ချက် များဖြင့် တိုက်စစ်ဆင်ခဲ့ရာ တတိယ အချီမှာပင် အလဲထိုး အနိုင်ယူ အောင်ပွဲခံခဲ့သည်။

ယနေ့ကျင်းပသည့် မြန်မာထိုင်း လက်ဝှေ့ စိန်ခေါ်ပွဲတွင် မြန်မာနိုင် လေးပွဲ၊ ရှုံး တစ်ပွဲနှင့် သရေငါးပွဲ ဖြစ်ခဲ့သည်။

အဆိုပါ ONE ON ONE BIG FIGHT လက်ဝှေ့ပွဲစဉ်ကို လက်ဝှေ့ ပရိသတ်များ ကွင်းလုံးပြည့် ကြည့်ရှုခဲ့ပြီး ပရိသတ် အများအပြား လာရောက် ကြည့်ရှုခဲ့သည့် ပွဲစဉ်ကြီး တစ်ခုအနေနဲ့လည်း မှတ်တမ်း တင်နိုင်ခဲ့ကြောင်း သိရသည်။

မင်းသော်တာလွင်

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ