ကလေးဘဝ အိပ်မပျော်ခြင်း

 ကလေးဘဝမှာ ကောင်းကောင်းစား၊ ကောင်းကောင်းဆော့၊ ကောင်းကောင်း အိပ်ရလေ့ ရှိပါတယ်။
အိပ်မပျော်ဘဲ အိပ်ရခက်နေရင် အကြောင်း တစ်ခုခုကြောင့် ဖြစ်မယ်။ မိမိ အိမ်အတွင်းမှာ ရှိတဲ့ တီဗွီသံ၊ သီချင်းသံကြောင့် အိပ်ရေးပျက်တယ်။ ဒါ့အပြင် အပူလွန်၊ အအေးလွန်မှုကြောင့် အိပ်မပျော်ဘဲ ရှိတတ်တယ်။

တစ်ခါတစ်ရံ ကလေးများ စိတ်လှုပ်ရှားလွန်း၍ ကစားစရာ ရခြင်း၊ မီးရထားစီး၊ သင်္ဘောစီး၊ လေယာဉ်ပျံ စီးရခြင်း၊ စာမေးပွဲ နီး၍ စာကျက်ရခြင်း တို့ကြောင့်လည်းပဲ အိပ်ရေး ပျက်စေ နိုင်တယ်။ စိတ်ဓာတ်ရေးရာ အရ အချို့မိခင်များမှာ ကလေးကို စိုးရိမ်စိတ်နဲ့ တစ်ချိန်လုံး အနီးကပ် ပြုစု နေတာကြောင့် ကလေးက မိဘ မရှိရင် မရပ်တည်နိုင်အောင် မိဘကို မှီခိုလွန်းမှုတွေက သူတို့ကို ပြန်ပြီး ကြီးစိုးနေတယ်။

ညဘက် တစ်ယောက်တည်း အိပ်ဖို့ ကြောက်ရွံ့ ကြတယ်။ တစ်ခါတစ်ရံ မသိစိတ်နဲ့ ယောင်ပြီး အိပ်လျက်က လမ်း ထလျှောက်ခြင်း၊ လှေကား အဆင်းအတက် လုပ်ခြင်းတို့ လုပ်တတ်တယ်။ တရေး နိုးလာရင် ထူးထူးခြားခြား ကြောက်စိတ် ဝင်တတ်တယ်။ အသက် ခြောက်လမှ နှစ်နှစ်အတွင်း ကလေးများဟာ အိပ်ရာ ဝင်ချိန် ပတ်ဝန်းကျင်မှာ မျက်နှာစိမ်းများ ရှိနေရင် အိပ် မပျော်တတ်ပါ။ အမေ၊ အဖေတို့ရဲ့ ဂရုစိုက်မှု ခံချင်လို့ တော်ရုံနဲ့ မအိပ်တတ်၊ ရံဖန်ရံခါ နို့ဖြတ်ချိန်၊ ဖြည့်စွက် အစာကျွေးချိန် တို့မှာ မအိပ်ဘဲ ရှိတတ်တယ်။ ကလေး စိတ်ကျေနပ်အောင် ချော့ပါမှ အိပ်သွား တတ်တယ်။ အသက် နှစ်နှစ်မှ လေးနှစ် အတွင်းမှာ တစ်နေ့ကို ၁၂ နာရီ သို့မဟုတ် ၁၅ နာရီ အထိ အိပ်စက် တတ်ကြတယ်။ သီချင်း ဆိုပေးရင် လည်းကောင်း၊ အခြား ချော့မြှူမှုတွေ လုပ်ပေးရင် လည်းကောင်း အိပ်နိုင်တယ်။ လေတိုက်ရင်၊ အိမ်ပြတင်းမှ သစ်ပင်ရိပ်များ လှုပ်ရှားရင်၊ သရဲပုံပြင် ပြောပြရင် ကြောက်တတ် ကြတယ်။ စိုးရိမ် ပူပန်ကြပြီး မအိပ်ကြပေ။ အသက် လေးနှစ် ကျော်ရင် ရောဂါ တစ်ခုခုကြောင့် အိပ်ရေးပျက်ခြင်း ဖြစ်နိုင်တယ်။ ကလေး စိတ်ပညာအရ မိတစ်ကွဲ၊ ဖတစ်ကွဲ ဖြစ်မှု၊ စိတ်ပူစရာ၊ စိတ်မအေးစရာ၊ ဖျားနာပြီး ကျောင်းမတက်၊ စာနောက်ကျတဲ့ အခါ၊ ကြောက်တဲ့ အခါ၊ ရုပ်ရှင်၊ ဗီဒီယို ကြည့်ပြီး စိတ်လှုပ်ရှားရတဲ့ အခါ အိပ်မပျော် တတ်ကြပါ။ ကလေးကြီးပိုင်းမှာ ကျောင်းစာနဲ့ ပတ်သက်ပြီး ပူပန်မှုက ပိုများ လာတယ်။

စာမေးပွဲ အတွက် စိတ်ပူတာကြောင့် အိပ်မပျော်နိုင် ဖြစ်တတ်တယ်။ အပေါင်းအသင်းကြောင့် အပြစ်လုပ်မိလို့ အိပ်မပျော်နိုင် ဖြစ်တယ်။ အချို့ စိတ်အနှောင့်အယှက်များ ရှိရင် သူယုံကြည် အားကိုးသူ လူကြီး တစ်ဦးကို စိတ်လွတ်ကိုယ်လွတ် တိုင်ပင် ဆွေးနွေးရင် ပြဿနာများ ပြေလည်သွားပြီး အိပ်ပျော် တတ်တယ်။

ငယ်ရွယ်စဉ် မွေးစမှ တစ်နှစ် ဝန်းကျင်လောက်မှာ အိပ်မပျော်တာ ခန္ဓာကိုယ် စနောင့်စနင်း ဖြစ်မှုကြောင့် အဖြစ်များတယ်။ နည်းနည်း ကြီးလာရင် အတွေးနယ် ပိုကျယ်ပြီး စိတ်ပူပင်၊ စိတ်သောကနှင့် စိတ်အနှောင့် အယှက်များက အိပ်မပျော်မှု ဖြစ်စေတယ်။ မိသားစု ပြိုကွဲခြင်း၊ စီးပွားရေး အဆင်မပြေခြင်း၊ ကိုယ် စားသောက်ဖို့ ကိုယ် ရှာနေရခြင်း၊ မိဘများနဲ့ နားလည်မှု လွဲခြင်းမှ လွဲရင် ကလေးများ အိပ်ပျော်တတ် ပါတယ်။ ဒါကြောင့် အိပ်မပျော်တဲ့ ကလေးများကို ဆရာဝန်နဲ့ ပြသ ရပါမယ်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ