'နောက်ဆုံးထွက်တဲ့ single သီချင်း FU ကိုဖျော်ဖြေနေတုန်းမှာ Selena Gomez ကိုလှောင်ပြောင်ခဲ့တဲ့ Miley Cyrus

Miley Cyrus ကတော့ တနင်္လာနေ့ည မီလန်မြို့ကသူမရဲ့ ဖျော်ဖြေပွဲတစ်ခုမှာ သူမ pop အဆိုတော် Selena Gomez ကိုလှောင်ပြောင်ဖျော်ဖြေခဲ့ပါတယ်။

Miley ဟာ အမျိုးသမီးခန္ဓာကိုယ်သဏ္ဍန်ပိုင်းဖြတ်ထားပြီး အကောင်းဆုံး အသားကပ်ခြေစွပ်၊ ဘရာစီရာဝတ်ဆင်ထားပေမယ့် အောက်ခံဘောင်းဘီပါပုံမရတဲ့ ကတ်ထူပြားရဲ့ ခေါင်းနေရာမှာ Selena ရဲ့မျက်နှာပုံစံကိုကပ် ဖျော်ဖြေခဲ့ပြီး ပရိတ်သတ်ထဲကို အဲဒီ့အရုပ်ပစ်ချခဲ့ပါတယ်။

အဲဒီ့ဓာတ်ပုံကိုပရိတ်သတ်တစ်ယောက်က စင်ပေါ်ပစ်တင်ပေးခဲ့တာဖြစ်ပြီး အဲဒီ့အရုပ်နဲ့ကခုန်နေတုန်းမှာ Miley ရဲ့မိုက်ကရိုဖုန်းကိုင်ထားတဲ့လက်က လက်ခလယ်ကို ဆန့်ထုတ်ထားတာဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ Miley က ဒီလုပ်ရပ်ကိုသူမရဲ့နောက်ဆုံး single သီချင်း FU ဆိုနေတုန်းလုပ်တာဖြစ်ပါတယ်။

သူတို့နှစ်ဦးကြားက အခုဖြစ်တဲ့ ပြသနာကိုတော့ ထုတ်ဖေါ်ပြောသွားတာမရှိသေးပေမယ့် အဆိုတော်နှစ်ယောက်ဟာ သူတို့ရဲ့ Disney နေ့ရက်တွေကတည်းက နှစ်ယောက်လုံး Nick Jonas နဲ့ တွဲခဲ့တဲ့အတွက် အငြိုးအတေးဖြစ်လာတာဖြစ်တယ်လို့ Miley နဲ့နီးစပ်တဲ့ အတွင်းသိတစ်ယောက်က ပြောပါတယ်။

‘၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ Miley နဲ့ Nick Jonas နဲ့ပြတ်ပြီးကတည်းက အရာရာအားလုံးအဆင်မပြေတော့တာ။ နောက်နှစ်မှာပဲ Nick က Selena နဲ့တွဲတယ်။ ပြီးတော့ဒါဒီပြသနာ ပေါက်ကွဲထွက်လာတဲ့ အချိန်ပါ’ လို့အတွင်းသိကပြောပါတယ်။

ဒါ့အပြင် သတင်းတွေအရ Miley ဟာ Selena ရဲ့ရည်းစားဟောင်း Justin Bieber နဲ့မကြာသေးမီက အတူတူ တွဲသွားတွဲလာလုပ်ခဲ့တယ်လို့ သိရပါတယ်။

Ref:starpulse.com
Trend Myanmar



မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ