အဆစ်မြစ်ရောင်ခြင်းကို ဘီယာကလျော့ကျစေနိုင်

တစ်ပတ်ကို ဘီယာနှစ်ခွက်ကနေ လေးခွက်အထိ  ဘီယာမသောက်သူတွေထက် rheumatoid arthritis, RA  အဆစ်အမြစ်ရောင်ဖြစ်ပွားနိုင်ချေ ၃၁ ရာခိုင်နှုန်း လျော့ကျကြောင်း လေ့လာမှုတစ်ရပ်မှာ  ဖော်ပြထားပါတယ်။  ဟားဗတ်ဆေးတက္ကသိုလ်နဲ့ Brigham   အမျိုးသမီးဆေးရုံတို့ရဲ့ ပူးပေါင်းသုတေသနပြုမှုအရ အသက်၂၀မှ ၂၈ နှစ်အတွင်း အမျိုးသမီးနှစ်သောင်းကျော်မှာ ဘီယာဝိုင်းတို့ကရတဲ့  အယ်ကိုဟောနဲ့ အဆစ်အမြစ်ရောင်ခြင်းတို့ရဲ့ ဆက်စပ်နေမှုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဝိုင်ကရတဲ့ အယ်ကိုဟောကလည်း RA  ကိုလျော့ပါးစေပေမယ့်  ဘီယာလောက်တော့  သိသာထင်ရှားမှုမရှိဘူးလို့ သိရှိရပါတယ်။  တစ်နေ့ကို ဘီယာ ၅၀ ဂရမ်ကနေ  ၉.၉ ဂရမ်လောက်အထိ  သောက်သူတွေဟာRA  ရောဂါဖြစ်ပွားနိုင်ချေကို လျော့ပါးစေကြောင်း  ဖော်ပြထားပါတယ်။ ဒါဟာ ဘီယာရဲ့အသည်းပေါ်ထိခိုက်နိုင်မှုရယ်   အဆစ်အမြစ်ရောင်ရောဂါ အပေါ်  ကာကွယ်မှုရယ်ကိုတော့ သောက်သုံးသူတွေအနေနဲ့ ချင့်ချိန်ရမှာဖြစ်ကြောင်း  သုတေသနအဖွဲ့က တင်ပြထားပါတယ်။ဒီသုတေသနကို   Journal Arthritis and Rheumatism  မှာ ဖော်ပြထားပါတယ်။
'ပြည့်ဖြိုး
Health Updates Journal
Ref: medindia.net


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ