အနုပညာနှင့်ပရဟိတ ကြိုးစားလုပ်ဆောင်သွားမယ်ဆိုတဲ့ အလှမယ် မေမြတ်နိုး

  အနုပညာလုပ်ငန်းနှင့် ပရဟိတ အလုပ်များကို ကြိုးစား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Miss Asia Pacific World Super Talent 2014 တွင် အလှမယ်ဆုရရှိသူ မေမြတ်နိုးက ပြောသည်။

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ကျင်းပခဲ့သည့် Miss Asia Pacific World Super Talent 2014 ပြိုင်ပွဲမှာ မြန်မာ အလှမယ် မေမြတ်နိုးက သရဖူဆောင်း သွားခဲ့သည်။ ပြိုင်ပွဲဝင် အလှမယ် ၃၈ ဦးအနက် အလှမယ်ဆုကို ဆွတ်ခူး သွားခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတကာ အလှမယ်ပြိုင်ပွဲများတွင် နှစ်ပေါင်းများစွာ
ကြာပြီးမှ ပထမဦးဆုံး အကြိမ်အဖြစ် အလှမယ်ဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ ယခုပြိုင်ပွဲမှာ 1st Runner Up ဆုကို ကိုရီးယား အလှမယ်၊ 2nd Runner Up ဆုကို Macau၊ အလှမယ်၊ 3rd Runner Up ဆုကို ဖိလစ်ပိုင် အလှမယ်တို့က ရရှိခဲ့သည်။

မေလ ၁၉ ရက်နေ့ကစပြီး နိုင်ငံတကာ အလှမယ်များနှင့် ပြိုင်ပွဲ အဆင့်ဆင့် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ အလှမယ် မေမြတ်နိုးက Pangyo Techno Valley သံတမန် အဖြစ် ခန့်အပ်ခံရကာ Talent Show ပြိုင်ပွဲတွင် Scalatium Popularity Awardကို ရရှိခဲ့ပါသည်။ ထို့အပြင် Missosology မှ ချီးမြှင့်သော ပရိသတ် မဲအများဆုံး Missosologists’s Choice Award ကိုလည်း ရရှိခဲ့သည်။ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ပွဲမှာ Miss Asia Pacific World 2014 အလှမယ်ဆုကို ရရှိပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

မေမြတ်နိုးက အသက် ၁၈ နှစ်ရှိပြီ ဖြစ်ပြီး အိပ်မက်ဆုံရာ Season – 6 မှာ ပြိုင်ပွဲဝင်ခဲ့ဖူးသူ တစ်ဦးလည်း ဖြစ်သည်။ နိုင်ငံတကာ အလှမယ် ပြိုင်ပွဲများနှင့် အဆက်အသွယ် ပြတ်တောက်နေခဲ့သည့် မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၂ ခုနှစ် မှ စတင်ကာ Miss International, Miss Supranational, Miss Grand International နှင့် Miss Universe ပြိုင်ပွဲများတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်များကို စေလွှတ်ယှဉ်ပြိုင်ခဲ့ပြီး Miss Internet ဆုနှင့် တခြား ဆုသေးများသာ ရရှိခဲ့ဖူးသည့် သရဖူဆုကို အလှမယ် မေမြတ်နိုးက ပထမဦးဆုံးအကြိမ် ရယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ