ပြင်သစ်အိုးပင်း ချန်ပီယံဆုကို ရှာရာပိုဗာ ဒုတိယအကြိမ် ဆွတ်ခူး



ပြင်သစ်အိုးပင်း ချန်ပီယံဆုကို ရှာရာပိုဗာ ဒုတိယအကြိမ် ဆွတ်ခူး ရှာရာပိုဗာသည် ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ ၃ နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်



 ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်အဖြစ် ရုရှားတင်းနစ်မယ် မာရီယာ ရှာရာပိုဗာနှင့် ရိုမေးနီးယားသူ ဆီမွန်နာ ဟဲလက်ပ်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရှာရာပိုဗာက ၆-၄၊ ၆-၇၊ ၆-၄ ဖြင့် အနိုင်ရရှိပြီး ပြင်သစ်အိုးပင်း ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးသွားပြီဖြစ်သည်။ ရှာရာပိုဗာသည် ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ ၃ နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင်လည်း ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင်မူ ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရပြီး ယခုနှစ်တွင် ချန်ပီယဆုကို ဒုတိယအကြိမ်အဖြစ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ရှာရာပိုဗာသည် ဝင်ဘယ်လ်ဒန် ချန်ပီယံဆု တစ်ကြိမ်၊ ယူအက်စ်အိုးပင်း ချန်ပီယံဆု တစ်ကြိမ်၊ သြစတြေးလျအိုးပင်း ချန်ပီယံဆု တစ်ကြိမ်နှင့် ပြင်သစ်အိုးပင်း ချန်ပီယံဆု နှစ်ကြိမ်ဖြင့် စုစုပေါင်း အဓိက ဂရင်းဆလင်းပြိုင်ပွဲ ချန်ပီယံဆု ငါးကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။

ရိုမေးနီးယားသူ မျိုးဆက်သစ် တင်းနစ်အကျော်အမော် ဟဲလက်ပ်မှာ အဓိက တင်းနစ်ပြိုင်ပွဲကြီးများတွင် ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်အိုးပင်း ဗိုလ်လုပွဲသို့ တက်ရောက်လာနိုင်ခဲ့ခြင်းဖြစ်သည်။

Planet Myanmar Network.

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ