ဇာတ်ကားကောင်းတွေနဲ့ ပရိသတ် အတွက် လုပ်ပြမယ် ဆိုတဲ့ ဝတ်မှုန်ရွှေရည်


ဇာတ်ကားတွေ အများကြီးဆိုတာ ထက် ဇာတ်ကားကောင်းများဖြင့် ပရိသတ် အတွက် လုပ်ပြမည်ဟု ဝတ် မှုန်ရွှေရည် က ဆိုသည်။

ဒါရိုက်တာ ဝိုင်းနှင့် ‘ချစ်လှစွာသာ အမုန်း’ ဇာတ်ကားမှာ ‘အမုန်း’ ဇာတ်ကောင် အဖြစ် တတိယမြောက် ရုပ်ရှင်ကားကြီး ရိုက်ကူးနေကြောင်း ဝတ်မှုန်ရွှေရည် က ပြောသည်။

”အဓိက ရိုက်ဖြစ်တာက ဇာတ် လမ်းက တကယ် ထူးခြားပြီး ကစ်ကာ ရိုက်တာ က လုပ်နေကျနဲ့ လုံးဝကွဲ ထွက် လို့ပါ” ဟု ဝတ်မှုန်ရွှေရည် ကပြောသည်။

အဆိုပါ ချစ်လှစွာသော အမုန်း ဇာတ်ကားမှာ ဒါရိုက်တာ ဝိုင်းက ရိုက်ကူးပြီး ဇင်ဝိုင်း၊ အောင်ရဲလင်း၊ သက်မွန် မြင့်တို့နှင့် တွဲဖက်သရုပ်ဆောင် ထား ကြောင်း ဝတ်မှုန်ရွှေ ရည် က ပြောသည်။

ဒီကားမှာ ကစ်သေချာ အားစိုက် ပြီး လုပ်မှာပါ။ ဒါရိုက်တာရဲ့ စေခိုင်းမှု အရ ကစ်က အတတ်နိုင်ဆုံး ကြိုးစား မယ်”ဟု ဝတ်မှုန်ရွှေရည် က ပြောသည်။

ဝတ်မှုန်ရွှေရည် က အဆိုပါကား မှာ အသက်ကြီးသည့် မုဆိုးဖို ကိုယူပြီး သူ့ထက် အသက်ကြီးသည့် မုဆိုးဖို၏ သမီးနှင့် သူ့ကြားက သံယောဇဉ် ဖြစ် သည့် ဇာတ်ရုပ် ပုံစံကို သရုပ်ဆောင် ရမည်ဟု သိရသည်။

’အမုန်း’ ဇာတ်ကောင်မှာ ယူထား သည့် ယောက်ျားဘက်က ပါလာသည့် သမီးကို ခင်မင် တွယ်တာပြီး သံယောဇဉ် တွယ်သည့် မိထွေး ကာရိုက်တာဖြင့် ဘယ်လို ပုံစံနဲ့ ပရိသတ် အမြင်ဆန်းမလဲ ဆိုတာ စောင့်ပြီး အားပေးစေ ချင်ကြောင်း ၄င်းက ပြောသည်။

”နောက်ပိုင်း ကစ်အနေ နဲ့ ရိုက်တဲ့ ကားတွေဆိုရင် ဇာတ်ကားကောင်း ကွာ လတီကို ဦးစားပေး ရိုက်ဖြစ်တာများပါ တယ်”ဟု ၄င်းက ဆက်ပြောသည်။

ထူးထူး
Popular Journal


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ