မိလ္လာကျွင်းထဲ ကျသွားတဲ့ မိုဘိုင်းဖုန်းကို ပြန်ဆယ်ရင်း သားအမိနှစ်ယောက် သေဆုံး

 တရုတ်နိုင်ငံက  သားအမိနှစ်ယောက်ဟာ ပေါင် ၁၈၀ တန်ကြေးရှိတဲ့ မိုဘိုင်းဖုန်းတစ်လုံးကို မိလ္လာကျွင်းထဲက ပြန်ဆယ်ရင်း သေဆုံးသွားကြပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားရဲ့ ဇနီးဖြစ်သူဟာ အိမ်သာသွားရင်း လတ်တလောဝယ်ထားတဲ့ ဖုန်းသစ်တစ်လုံးကို ဒူးခေါင်းလောက်နက်တဲ့ အဖုံးပွင့်မိလ္လာကျွင်းထဲ ပြုတ်ကျခဲ့ရာကနေ ဒီ ၀မ်းနည်းစရာဖြစ်ရပ် စတင်ခဲ့တာပါ။

ဖုန်းကို ယောင်္ကျားဖြစ်သူက အိမ်သာကျွင်းထဲ ခုန်ချ ဆယ်ရင်းနဲ့ မူးမေ့လဲကာ အိမ်သာကျွင်း ထဲနစ်ခဲ့ပါတယ်။ ပြုတ်ကျသွားတဲ့ အမျိုးသားကို သူ့ ရဲ့အမေဖြစ်သူ  ၀င်ကယ်တဲ့အခါမှာလည်း အလားတူကံကြမ္မာနဲ့  တိုးခဲ့ပြီး မူးမေ့လဲကာ သားဘေးနားကို ပြုတ်ကျသွားခဲ့ပါတယ်။ မိန်းမဖြစ်သူကလည်း ခုန်ချကယ်ဆယ်ခဲ့ပေမယ့် အနံ့  အသက်တွေကြောင့် မူးမေ့သွားခဲ့ပြန်ပါတယ်။

တရုတ်နိုင်ငံ၊ Xinxiang မြို့ က အိမ်နီးနားချင်းတွေဟာ ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခဲ့ပြီး ဇနီးဖြစ်သူကို အသက်အန္တရာယ်က ဆွဲတင်ကယ်ဆယ်နိုင်ခဲ့ပေမယ့် ခင်ပွန်းနဲ့ ယောက္ခမကတော့ သေဆုံးသွားခဲ့ပါတယ်။

ဝင်ရောက်ကယ်ဆယ်ခဲ့တဲ့ အိမ်နီးချင်းသုံးဦးပါ မူးမေ့လဲပြီး မိလ္လာကျွင်းထဲ ပြုတ်ကျခဲ့ပေမယ့် ဒဏ်ရာအနာတရ ရခဲ့ယုံကလွဲလို့ အသက်ဆုံးရှုံးမှုမရှိခဲ့ဘူးလို့ Metro သတင်းဌာနက တင်ပြထားပါတယ်။

Ref: Metro.co.uk

Trend Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ