မိုးတွင်းမှာ မွေးတာမို့ မိုးတွင်းဆို ပျော်တယ်လို့ ဆိုတဲ့ နန်းမြတ်ဖြိုးသင်း

 လူတိုင်းမှာ ရာသီနဲ့ပတ်သက်တဲ့ အမှတ်ရလေးတွေ ရှိတတ်ကြပါတယ်။ ဘယ်ရာသီဥတုကို သဘောကျတယ်၊ ဘယ်ရာသီဥတု ဆိုရင်တော့ ကိုယ့်အတွက် အဆင်မပြေဘူးစတဲ့ ရာသီနဲ့အကြိုက်တွေလည်း ရှိကြပါတယ်။  အနုပညာရှင်တွေထဲက အဆိုဘက်မှာရော၊ သရုပ်ဆောင်ဘက်မှာပါ ခြေလှမ်းမှန်မှန်နဲ့ လျှောက်လှမ်းလာတဲ့ နန်းမြတ်ဖြိုးသင်းရဲ့ မိုးရာသီနဲ့ ပတ်သက်တဲ့ စိတ်ခံစားချက်၊ အမှတ်တရတွေကို မေးကြည့်တဲ့အခါမှာတော့ “မိုးရာသီနဲ့ပတ်သတ်တဲ့ စိတ်ခံစားချက်က နန်းမြတ်ကိုယ်တိုင် မိုးတွင်းမှာ မွေးတာဆိုတော့ မိုးကျတဲ့ အသံလေးနဲ့ကော်ဖီသောက်ရတာကို ကြိုက်တယ်။ မိုးရာသီကို ချစ်တယ်။ ကြိုက်လဲကြိုက်တယ်။ သူများတွေတော့ မသိဘူး။ နန်းမြတ်ကတော့ မိုးတွင်းဆို ပျော်တယ်။ ပြီးတော့ မိုးရွာရင်မိုးရေထဲမှာ ဘောလုံးထွက်ကန်ရတာကို ကြိုက်တယ်။ ငယ်ဘ၀ အမှတ်တရဆိုရင် မိုးရေထဲမှာ ဘောလုံးထွက်ကန်ဖူးတယ်။ ပြီးတော့ မိုးရွာတဲ့ခါ တစ်ခုခုကို လွမ်းသလိုလိုလဲ အမြဲခံစားရတယ်။ ဘာလွမ်းလို့လွမ်းမှန်းမသိဘူး။ အဲဒါကတော့ မိုးတွင်းရဲ့ စိတ်ခံစားချက်လေးပေါ့။ ပြီးတော့ မိုးတွင်းဆို နန်းမြတ်က အတိုဝတ်ရတာ ကြိုက်တယ်။ အရှည်ဆို မိုးရေစိုတဲ့ခါသိပ်မခြောက်ဘူး။ ပြီးတော့ နန်းမြတ်တို့ဆီမှာက မိုးတွင်းဆိုသိပ်လဲမအေးဘူးလေ။ အဲ့ဒါကြောင့်လဲပါပါတယ်။”လို့ သူမက ပြောပြေပေးခဲ့ပါတယ်။

ခင်ဆွေသက်
Trend Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ