ခွဲစိတ်ဆရာဝန်တွေကို ကူညီပေးနိုင်မယ့် ဂူဂလ်မျက်မှန်

 နည်းပညာမြင့် မျက်မှန်တစ်မျိုး ဖြစ်တဲ့ ဂူဂဲလ်မျက်မှန် Google glass  ဟာ ခွဲစိတ်ကုသမှုတွေမှာ အသုံးဝင်တဲ့အပြင် ခွဲစိတ်ကုသမှုကို လေ့ကျင့်ပေး တဲ့နေရာမှာလည်း  အသုံးတည့်နိုင် မှာ ဖြစ်ကြောင်း ဆေးပညာတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ယခု ဂူဂဲလ်မျက်မှန်ကို ပုံမှန်မျက်မှန်တွေအတိုင်းပဲ အသုံးပြုရမှာ ဖြစ်ပေမဲ့ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဖော်ပြခြင်း၊ ပုံရိပ်ဖော်ရာမှာ နည်းပညာမြင့် ကင်မရာ၊ မိုက်ခရိုဖုန်း၊ နားထင်ရိုးမှ တစ်ဆင့် လျှပ်လှိုင်းများကို အာရုံခံ နိုင်ခြင်း၊ ကြိုးမဲ့စနစ်ကို အသုံးပြုထားခြင်းစတဲ့ အားသာချက်တွေ ရှိနေပါတယ်။ ၀တ်ဆင်ထားသူဟာ အင်တာနက်မှ ပို့ချချက်များကို ဂူဂဲလ်ရဲ့ နာမည်ကျော် ရှာဖွေရေး အင်ဂျင်တစ်မျိုး ဖြစ်တဲ့ Internet Explorer  ပရိုဂရမ်မှတစ်ဆင့် ရှိနေမှာဖြစ်ပြီး မျက်စိနှင့် ချိန်သားကိုက် စာသားများကို ခွဲစိတ်နေစဉ်မှာ စာအုပ်ပြန်လှန်စရာမလိုဘဲ လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။

ပါမောက္ခများဟာလည်း ခွဲစိတ်ကုသမှုပြုနေတဲ့ တပည့်ခွဲစိတ် ဆရာဝန်များကို မျက်မှန်ပါဝင်တဲ့ ကြိုးမဲ့ဖုန်းများမှ တစ်ဆင့် အနီးကပ် လမ်းညွှန်ပေးနိုင်မှာဖြစ်ပြီး ခွဲစိတ်ပညာရှင်များကို ပိုမိုဖွံ့ဖြိုးစေနိုင်မှာဖြစ်ကြောင်း သုတေသီခေါင်းဆောင် Maria Fareri ဆေးပညာစင်တာမှ Dr Oliver Muensterer  က ရှင်းပြခဲ့ပါတယ်။

ဂူဂဲလ်မျက်မှန်မှာပါဝင်တဲ့ ဗွီဒီယိုကင်မရာကြောင့်လည်း ခွဲစိတ်ကုသမှု ခံယူနေတဲ့ လူနာရဲ့ ကိုယ်တွင်းရောဂါအခြေအနေကို သုံးသပ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမျက်မှန်မှာ အငြင်းပွားနေတဲ့ အချက်တစ်ချက်ကတော့ လူနာရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်တဲ့ ကုသမှုခံယူနေတဲ့လူနာရဲ့  အချက်
အလက်တွေဟာ   အင်တာနက်ကတစ်ဆင့်  ဂူဂဲလ်ရဲ့ ဆာဗာတွေကို ရောက်ရှိသွားမှာဖြစ်တာကြောင့် Google  ကုမ္ပဏီဟာ အချက်အလက်တွေကို  ထိန်းသိမ်းပြီး လုံခြုံမှုရှိဖို့ ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း ယခု သုတေသနမှာ ဖော်ပြထားပါတယ်။

ယခုသုတေသနကို အပြည်ပြည်ဆိုင်ရာ ခွဲစိတ်ကုသမှုဂျာနယ်မှာ ဖော်ပြထားပါတယ်။

သက်ကို
Ref: PTI

Health |Updates Journal No. 119

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ