တိုက်ခန်းတွင် တစ်ဦးတည်းနေထိုင်သူ အမျိုးသမီးတစ်ဦး သေဆုံးလျက်တွေ့ရှိ

ရန်ကုန်၊ ဇွန် ၆

၆.၆.၂၀၁၄ ရက်နေ့ ၁၁၁၅ အချိန်တွင် လမ်းမတော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လမ်းမတော်မြို့နယ်၊ (၁၁)ရပ်ကွက်၊ လမ်းသစ် ရိပ်သာတွင် အပုပ်နံ့ရကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းရိပ်သာရှိ တိုက်ခန်းတွင်နေထိုင်သော ဒေါ်ကျင်မြ၊ (၇၄)နှစ်အား ပြင်ပဒဏ်ရာမရှိဘဲ အိပ်ယာပေါ်တွင် ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

၎င်းသည် အဆိုပါတိုက်ခန်းတွင်တစ်ဦးတည်းနေထိုင်သူဖြစ်ပြီး သွေးတိုးရောဂါရှိသူ တစ်ဦးဖြစ်ကြောင်း စုံစမ်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ လမ်းမတော်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁၁/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ