ကုမ္ပဏီဝန်ထမ်း လျှပ်စစ်ပြင်/ထိန်း အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး

ရန်ကုန်၊ ဇွန် ၆

၅.၆.၂၀၁၄ ရက်နေ့ ၁၅၃၀ အချိန်တွင် ဒေါပုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးသို့ အမျိုးသား တစ်ဦးဓါတ်လိုက်သေဆုံးရောက်ရှိနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဒေါပုံမြို့နယ်နေ ကိုစအောင်သူ၊ (၂၃)နှစ်ဖြစ်ကြောင်းသိရှိရပြီး ၀ဲလက်သန်းနှင့် လက်သူကြွယ်ထိပ်တို့တွင် စုတ်ပြဲဒဏ်ရာများရရှိထားသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ဟိုက်ပါမားကက်တွင် လျှပ်စစ်ပြင်/ထိန်းအလုပ်လုပ်ကိုင်သူဖြစ်ကြောင်း၊ ၎င်းသည် အခင်းဖြစ်ချိန်က ဟိုက်ပါမားကက်ရှိ ပစ္စည်းများသိုလှောင်သော
ဂိုဒေါင်အတွင်း လျှပ်စစ်မီးတပ်ဆင် ပြီးပြန်ဆင်းလာစဉ် ကရိန်းဖြင့် ပစ္စည်းများ သယ်ရာတွင်အသုံးပြုရန် ဆက်သွယ်ထားသော လျှပ်စစ် မီးကြိုးအား ကိုင်မိခဲ့ပြီး ဓါတ်လိုက်ခဲ့သဖြင့် အနီးရှိလူများမှ ဆေးရုံသို့ ပို့အပ်စဉ် သေဆုံးသွားခြင်းဖြစ်ကြောင်းသိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဒေါပုံမြို့မရဲစခန်းသေမှုသေခင်း အမှတ်စဉ် (၇/၂၀၁၄) ဖြင့်ရေးဖွင့်ကာ စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ