မိကျောင်းဥဖြင့် ပြုလုပ်ထားသော အရသာထူးကဲလှသည့် ရေခဲမုန့် ဖိလစ်ပိုင် စားသောက်ဆိုင်တွင် ရောင်းချ

 ဖိလစ်ပိုင်နိုင်ငံ ဒါဗာအိုစီးတီးမြို့ အတွင်းရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် မိကျောင်းဥဖြင့် ပြုလုပ်ထားသော အရသာ ထူးကဲလှသည့် ရေခဲမုန့်များကို ရောင်းချလျက်ရှိသည်ဟု သိရသည်။

အဆိုပါ ရေခဲမုန့်များကို မိကျောင်းဥဖြင့် ပြုလုပ်ထားသည် ဆိုသော်လည်း မိကျောင်းသားဖြင့် ပြုလုပ်ထားခြင်း မဟုတ်ခြင်းကြောင့် စားသုံးသူများ အနေဖြင့် စိုးရိမ်ရန် မလိုအပ်ကြောင်း၊ ရေခဲမုန့် ပြုလုပ်ရာတွင် ကြက်ဥ အသုံးပြုရမည့်အစား မိကျောင်းဥကို ထည့်သွင်း အသုံးပြုထားခြင်း ဖြစ်ကြောင်း၊ အခြား ပါဝင်ပစ္စည်းများကိုမူ ပုံမှန်ကြက်ဥ ရေခဲမုန့်တွင် ထည့်သည့်အတိုင်း ထည့်သွင်းထားကြောင်း၊ မိကျောင်းဥမှာလည်း သားဖောက်မည့် ဥမဟုတ်ကြောင်း Sweet Spot စားသောက်ဆိုင် ပိုင်ရှင်များ ဖြစ်သော ဒီနိုနှင့် ဘီယန်ကာရာမော့စ်တို့က ပြောကြားသည်။ မိကျောင်းဥများကို မိမိ၏ ဦးလေးဖြစ်သူ ဒါဗေအို မိကျောင်း ဥယျာဉ်ပိုင်ရှင်ထံမှ လက်ခံ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ မိကျောင်းဥများသည် ကြက်ဥများထက် ပို၍ အာဟာရဓာတ် ပြည့်စုံပြီး မိကျောင်းဥတွင် အနှစ်ပါဝင်မှု ၈ဝ ရာခိုင်နှုန်း ပါဝင်ကြောင်း၊ ထို့ကြောင့် ရေခဲ မုန့်ပြုလုပ်ရာတွင် ကြက်ဥထက် မိကျောင်းဥကို ထည့်သွင်းပြုလုပ်ရန် စဉ်းစားမိခဲ့ခြင်းဖြစ်ကြောင်း၊ အရသာမှာလည်း ထူးကဲသည့် အပြင် ရနံ့မှာလည်း မိကျောင်းအသားနံ့ မထွက်ဘဲ ပုံမှန်ရေခဲမုန့် အနံ့သာ ထွက်ရှိကြောင်း ဒီနိုက ပြောကြားသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ