Miss Universe Myanmar 2013 ရရှိခဲ့တဲ့ စိတ်ခံစားချက်ကို ပြန်ပြောင်းပြောပြခဲ့တဲ့ မိုးစက်ဝိုင်

Miss Universe Myanmar 2013 ဖြစ်တဲ့ မိုးစက်ဝိုင်က သူမရဲ့ အနုပညာလှုပ်ရှားမှုများနဲ့ လက်ရှိ မကြာခင်မှာ ကျင်းပတော့မဲ့ Miss Universe Myanmar 2014 ပွဲ အပေါ် သူမရဲ့အမြင် ကိုပြောပြခဲ့တာကတော့ “ခုမိုးစက် Amazing series ဆိုတဲ့ TV program ကို ရိုက်ထားပါတယ်။ အဓိက ကတော့ အစီအစဉ်တင်ဆက်သူပေါ့နော်။ မြန်မာနိုင်ငံက အထင်ကရရှိတဲ့မြို့တွေကို တီဗီဖန်သားပြင်က တစ်ဆင့် မိဘပြည်သူတွေဆီရောက်ရှိအောင် မိုးစက်ကိုပါခေါ်ပြီး သွားတဲ့ပုံစံမျိုးပေါ့။ မြန်မာနိုင်ငံမှာပဲ။ အထင်ကရရှိတဲ့မြို့တွေပေါ့။ ခုက မန္တလေးတစ်ခုပဲပြီးပါသေးတယ်။ လောလောဆယ်တော့ ၆ လ ပေးထားတယ်။ ဒါရိုက်တာက ကိုအောင်မြတ်ပေါ့။ ပေးထားတာကတော့ ၆လပဲ။ ဒါပေမဲ့ ပြီးသလောက်ပေါ့။ ကချင်သွားမယ်။ ရှမ်းသွားမယ်။ ကြော်ငြာရိုက်ကူးမှုကတော့ စိန်နန်းတော်တစ်ခုပဲ နောက်ဆုံးရိုက်ထားတာပေါ့။ ထိုင်းနဲ့ရိုက်မဲ့ကားက ဇာတ်ညွှန်း လေးက နဲနဲလေး ကြာဦးမယ်ထင်တယ်။”လို့ သူမက ဆိုပါတယ်။

အခုဆိုရင် Miss Universe 2014 ကလဲနီးလာပြီဆိုတော့ သူမရဲ့ မနှစ်က ပြိုင်ပွဲအတွေ့အကြုံကိုလည်း မိုးစက်ဝိုင်က “ ပြန်ပြောင်း ပြောပြရရင် အရမ်းကိုပဲ ရှည်လျားတယ်။ဖိစီးမှုလဲများခဲ့တယ်။ ဒါပေမဲ့ ခုချိန်မှာ ပြန်တွေးရင် မိုးစက်ရဲ့ အတွေ့အကြုံတွေ ထင်ထင်ရှားရှား ရှိခဲ့တယ်။ မိုးစက်ကို အားပေးခဲ့တဲ့ ပရိသတ်တွေနဲ့လဲ သံယောဇဉ်လေးတွေ တွယ်ခဲ့ပါတယ်။ ဒီပွဲလေးကို ၀င်ပြိုင်ခြင်းအားဖြင့် အတွေ့အကြုံရတယ်။ ကိုယ့်ကိုကိုယ့် ယုံကြည်မှုရှိစေတယ်”တဲ့။

 Trend Myanmar 

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ