ခါးပိုက်နှိုက်တစ်ဦး ဖမ်းဆီးရမိ

ရန်ကုန်၊ ဇွန် ၁၉

၁၈.၆.၂၀၁၄ ရက်နေ့ ၁၃၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှတပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်မှုကျူးလွန်သူ
များဖမ်းဆီးရမိရေးအတွက် လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ညောင်တုန်းလမ်း၊ (၃)ထိပ်ကားမှတ်တိုင်၌ စောင့်ကြည့်စုံစမ်းနေစဉ် မှတ်တိုင်သို့ဆိုက်ရောက်လာ
သော အမှတ် (၇၉)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်ပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ ဗိုက်ကလေး(ခ) မင်းသူရ၊ (၂၆)နှစ်၊ (ဘ)ဦးစောမန်းအေး၊ လှိုင်သာယာမြို့နယ်နေသူအားတွေ့ရှိသဖြင့် စစ်ဆေးရှာဖွေ
ခဲ့ရာ ၎င်း၏ကျောပိုးအိတ်အတွင်းမှ ငွေကျပ်(၁၄၂၀၀)ကိုတွေ့ရှိခဲ့ပါသည်။

ထိုသို့တွေ့ရှိသည့်ငွေများနှင့်ပတ်သက်၍ စစ်မေးရာ ၎င်းသည် အဆိုပါယာဉ်ဖြင့် လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးမှတ်တိုင်မှ လိုက်ပါစီးနင်းလာစဉ် ယာဉ်ပေါ်ပါ ခရီးသည်အမျိုးသားတစ်ဦး၏ အင်္ကျီအိတ်ကပ် အတွင်းမှ နှိုက်ယူရရှိခဲ့သော
ငွေများဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်း(ပ)၈၅၈/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၇၉(နှိုက်)/၅၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ