ရော်နယ်ဒို ဒဏ်ရာရအောင် အောက်လမ်းနည်းဖြင့် စီရင်ထားကြောင်း ဂါနာနတ်ဆရာတစ်ဦး ထုတ်ပြော
လန်ဒန်− ဂါနာနိုင်ငံမှ ရိုးရာနတ်ဆရာတစ်ဦးက ပေါ်တူဂီ လက်ရွေးစင် ရော်နယ်ဒိုအား ဘောလုံးပွဲများ မကစားနိုင်ရန် ဒဏ်ရာဖြစ်နေစေရန် အောက်လမ်းနည်းဖြင့် စီရင်ထားကြောင်း ထုတ်ဖော်ပြောကြားလိုက် သည်။
ရီးရဲလ်နှင့် ပေါ်တူဂီကြယ်ပွင့်ကစားသမား ရော်နယ်ဒိုသည် ကမ္ဘာ့ဖလားအတွက် လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံထားရသော်လည်း ကြွက်သားအရွတ် ဒဏ်ရာကြောင့် မက္ကဆီကို၊ အိုင်ယာလန်အသင်းများနှင့် ခြေစမ်းပွဲများလွဲချော်မည်ဖြစ်သည်။ ၎င်းသည် ထိုဒဏ်ရာကို ကမ္ဘာ့ဖလားအတွက် လက်ရွေးစင်အသင်းနှင့် လေ့ကျင့်ရေးတွင် ဘယ်ဘက်ခြေထောက်၌ ရရှိခဲ့ခြင်းဖြစ်ပြီး နှစ်ပတ်ခန့် ကြာမြင့်လာခဲ့ပြီဖြစ် သည်။
သို့သော် ဂါနာမှော်ဆရာ နာ နာကွာကူဘွန်ဆမ်က ၎င်းသည် ဖီဖာကမ္ဘာ့အကောင်းဆုံးဆုရှင်ကို ဒဏ်ရာရအောင် အောက်လမ်းနည်းဖြင့် စီရင်ထားခြင်းဖြစ်ကြောင်း ဂါနာရေဒီယို Angel FM နှင့် တွေ့ဆုံခန်းတွင် ပြောသည်။ ‘‘ရော်နယ်ဒိုရဲ့ဒဏ်ရာအခြေအနေကို ကျွန်တော် သိပါတယ်။ ကျွန်တော်က သူ့ကို စီရင်ထားတာပါ။ ကျွန်တော် ဒါကိုတော်တော် လေး အလေးထားပြီး လုပ်ထားတာပါ။ ပြီးခဲ့တဲ့အပတ်က ကျွန်တော် ခွေးလေးကောင်ကိုရှာပြီး အထူးဝိညာဉ်တစ်ကောင် ဖန်တီးထားခဲ့ပါတယ်’’ဟု နတ်ဆရာဘွန်ဆန်က ပြောသည်။
ထို့အပြင် ရော်နယ်ဒိုကို ဒဏ်ရာရအောင် အောက်လမ်းနည်းဖြင့် စီရင်မည်ဟု ၎င်းက ပြီးခဲ့သည့် လေးလခန့်ကပင် ပြောကြားခဲ့ကြောင်း ဆိုသည်။ ‘‘ပြီးခဲ့တဲ့လေးလ လောက်ကတည်းက ရော်နယ်ဒိုကို ကမ္ဘာ့ဖလားက ထွက်ရအောင် ကျွန်တော်လုပ်မယ်။ အနည်းဆုံး ဂါနာအသင်းနဲ့ပွဲမှာ မပါနိုင်အောင် လုပ်မယ်လို့ ပြောထားပြီးသားပါ။ ကျွန်တော်အကောင်းဆုံးလုပ်နိုင်တာက သူ့ကိုဒဏ်ရာရနေအောင် စီရင်ဖို့ပါပဲ။ အဲဒီဒဏ်ရာက ဘယ်ဆေးနဲ့မှ ကုလို့မရပါဘူး။ ဘာကြောင့် ဒဏ်ရာဖြစ်ရတာလဲဆိုတဲ့ အကြောင်းရင်းကိုလည်း သူတို့ ဘယ်တော့မှမြင်နိုင်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက မှော်နည်းနဲ့ စီရင်ထားတာပါ။ ဒီနေ့ ဒူးမှာဖြစ်ပြီး နောက်တစ်နေ့ တင်ပါးမှာ နောက်နေ့ကျ အခြားတစ်နေ ရာရာမှာ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်’’ဟု နတ်ဆရာက ရှင်းပြသည်။
နတ်ဆရာဘွန်ဆန် ၏ ဂါနာ လက်ရွေးစင်အ သင်းသည် ရော်နယ်ဒို ပါဝင်သောပေါ်တူဂီ၊ ဂျာမနီ၊ အမေရိကန်တို့နှင့် အုပ်စု(G) တွင် ကျရောက်နေပြီး ပေါ်တူဂီနှင့် ဇွန်လ ၂၆ ရက်တွင်ကစားရမည် ဖြစ်သည်။
—Ref: Goal
7Day Daily
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Sports
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin