ကမ္ဘာ့အင်တာနက် ဝန်ဆောင်မှုအတွက် ဂြိုဟ်တု ၁၈၀ Google လွှတ်တင်မည်

ကယ်လီဖိုးနီးယား၊ ဇွန် ၅

ကမ္ဘာတစ်ဝန်းလုံးရှိ လူတိုင်း အင်တာနက် အသုံးပြုနိုင်စေရန် ရည်စူးပြီး နာမည်ကျော် အင်တာနက် ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Google သည် ဂြိုဟ်တု ၁၈၀ လုံးကို အာကာသအတွင်းသို့ စေလွှတ်ထားရန် ရှိကြောင်း Wall Street Journal သတင်းတွင် ဖော်ပြထားသည်။

ကမ္ဘာ့လူဦးရေ သုံးပုံနှစ်ပုံခန့် ဖြစ်သည့် လူဦးရေ ၄ ဒသမ ၈ ဘီလီယံခန့်သည် ယနေ့တိုင် အင်တာနက် မသုံးစွဲနိုင်သေးသဖြင့် Google က အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့် အကုန်အကျခံကာ ယင်းဂြိုဟ်တုများကို လွှတ်တင်မည် ဖြစ်ကြောင်း ဂြိုဟ်တုဆက်သွယ်ရေးစနစ်ကို ထူထောင်သူ O3b Network ကုမ္ပဏီမှ ဂျရက်ဝိုင်းလားက ပြောကြားသည်။

ယခု လွှတ်တင်ထားမည့် အင်တာနက် ဆက်သွယ်ရေး ဂြိုဟ်တုများသည် ပုံမှန် လှည့်ပတ်နေသည့် ဂြိုဟ်တုများထက် ကမ္ဘာမြေကို နိမ့်ပြီး လှည့်ပတ်နေမည် ဖြစ်ကြောင်း၊ ယင်းပရောဂျက်ကို Loon ပရောဂျက်ဟု အမည်ပေးထားပြီး Google ၏ Broadband ဆက်သွယ်ရေးစနစ်ကို အသုံးပြုနိုင်ရန် သီးခြား ပရောဂျက်တစ်ခု ဖြစ်ကြောင်း Zee News တွင် ဖော်ပြထားသည်။

Google သည် Titan Aerospace ဆိုသည့် မောင်းသူမဲ့ နေရောင်ခြည်အားသုံး လေယာဉ်ကို လွှတ်တင်ထားပြီး အင်တာနက် သုံးနိုင်ရေး၊ မိုးပျံပူဖောင်းများ လွှတ်တင်ထားပြီး အင်တာနက် သုံးနိုင်ရေး ပရောဂျက်များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း Zee News သတင်းတွင် ရေးသားထားသည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ