မေမြတ်နိုး ကိုရီးယားတွင် သရုပ်ဆောင်လိုင်စင်ရရှိ

 Miss Asia Pacific World 2014 သရဖူရရှိခဲ့သူ မေမြတ်နိုး အား The Korea Film Actor's  Association(KAA) က ကိုရီးယား နိုင်ငံတွင်   သရုပ်ဆောင်လုပ်ခွင့်လိုင်စင်ပေးအပ်ခဲ့ကြောင်း  သတင်းရရှိသည်။

‘‘ရုပ်ရှင်ရိုက်ခွင့်၊ ဒရာမာ၊ အော်ပရာတွေမှာ ထည့်ပြီးတော့ သုံးမယ်။ ဒါကတော့ သူ့ရဲ့ ကံ၊ စန်းအပေါ်   မူတည်တယ်ပေါ့ လေ။ အခုလောလောဆယ်တော့ သူ့ကို အသိအမှတ်ပြုလက်မှတ် ပေးလိုက်ပြီ’’ဟု Miss Asia Pacific World Myanmar ၏ National Director မလှနုထွန်းက ပြောသည်။

မေမြတ်နိုးသည် သရဖူရရှိခဲ့ သည့်အတွက် ပြိုင်ပွဲပြီးသော် လည်း တောင်ကိုရီးယားတွင် ဆက်လက်နေထိုင်ကာ ပြိုင်ပွဲနှင့် ပတ်သက်သောအနုပညာအလုပ် များကို လုပ်ကိုင်နေပြီး ဇွန်လ၅ရက်  ည ၁၀နာရီတွင် မြန်မာနိုင်ငံသို့ ပြန်လာမည်ဖြစ်သည်။

‘‘Miss Asia Pacific World 2014 သရဖူ၊ Talent Show တွင် Popularity Award၊Missosology ၀က်ဘ်ဆိုက်မှ ချီးမြှင့်သော Peo-ple Choice Award စုစုပေါင်း ဆုသုံးဆုအပြင် တောင်ကိုရီးယား နည်းပညာကုမ္ပဏီ Pangyo Techno Valley က မေမြတ်နိုးအား ၎င်းတို့ကုမ္ပဏီ၏ သံတမန်တစ်ဦး အဖြစ် ခန့်အပ်ခဲ့သည်။

မေမြတ်နိုးသည် Miss Asia Pacific World 2014 ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သော နိုင်ငံတ ကာအလှမယ် ၃၈ဦးကို  ကျော် ဖြတ်ကာ အလှမယ်သရဖူကိုမြန် မာနိုင်ငံအတွက် ပထမဆုံးရယူ ပေးနိုင်ခဲ့သူဖြစ်သည်။

Author: ကြူကြူဟန်
7Day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ