ဆေးတံတောင်းတာမရလို့ဆိုပြီး လူသတ်မှုဖြစ်ပွား

ရေတာရှည်၊ ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ ဘုတလက်ကျေးရွာတွင် မေလ(၃၁)ရက်နေ့၊ နံနက်(၈)နာရီ အချိန်ခန့်က ဆေးတံတောင်းတာ မပေးသည့်ကိစ္စဖြင့် စကားများကာ သားမက်ဖြစ်သူမှ ဓါးဖြင့်ခုတ်၍ ယောက်ခမတော်သူ သေဆုံးပြီး ဇနီးတွင်လည်း ပေါက်ပြဲဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ ဘုတလက်ကျေးရွာနေ ဦးကြာရွှေ၏ နေအိမ်တွင် စောငွေထူး(၂၇)နှစ်က ထမင်းစားရန်အတွက် ထမင်းခူးခိုင်းပြီး ယောက်ခမတော်စပ်သူ ဦးကြာရွှေထံမှ ဆေးတံသောက်ရန် တောင်းခဲ့ကြောင်း၊ ဦးကြာရွှေမှ မပေးနိုင်ကြောင်း ပြောရာမှ စကားများပြီးနောက် စောငွေထူးက ဦးကြာရွှေနှင့် ဇနီးဖြစ်သူ မငြိမ်းငြိမ်းဝါးကို ဓါးဖြင့်ခုတ်ခဲ့ရာ ဦးကြာရွှေ၏ လည်ပင်းနှင့် ဝဲဘက်မျက်နှာခြမ်းတွင် ပြတ်ရှဓါးဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ပြီး၊ ဇနီးဖြစ်သူ မငြိမ်းငြိမ်းဝါး၏ နဖူးတွင် ပြတ်ရှဓါးဒဏ်ရာ (၁)ချက် ရရှိခဲ့သည်။ အုတ်တွင်းမြို့မ ရဲစခန်းမှ (ပ)၁၄၈/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၃၂၆ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

MOI Webportal Myanmar


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ