လမ်းဖြတ်ကူးသူ ယာဉ်တိုက်ခံရသဖြင့် သေဆုံး

ရန်ကုန်၊ ဇွန် ၁၁

၁၁.၆.၂၀၁၄ ရက်နေ့ ၀၅၄၅ အချိန်တွင် သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းအတိုင်း ဒေါပုံမြို့နယ်ဘက်မှ သာကေတကျောက်တိုင် ဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ်၊ အမျိုးအစား(စုံစမ်းဆဲ) ယာဉ်သည် သဒ္ဒါရုံလမ်းထိပ်အနီးအရောက် လမ်းဖြတ်ကူးသူ ဒေါပုံမြို့နယ်နေ ဦးခင်မောင်ဝင်း၊ (၅၃)နှစ်အား ၀င်ရောက်တိုက်မိခဲ့ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ဦးခင်မောင်ဝင်းမှာ နဖူးပေါက်ပြဲ၊ ၀ဲ/ယာ ပေါင်ဖူးရောင်ပေါက်ပြဲ၊ ၀ဲလက်မောင်း ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်တိုက်မှုဖြစ်ပွားပြီး ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်းအား သာကေတမြို့မ ရဲစခန်း ယာဉ်(ပ)၃၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ