ဗန္ဓုလတံတားအတက်တွင် ကွန်တိန်နာယာဉ်တိမ်းမှောက်မှုဖြစ်


ရန်ကုန်၊ ဇွန် ၁၁

၁၁.၆.၂၀၁၄ရက်နေ့ ၀၆၀၀အချိန် ဒေါပုံမြို့နယ်၊ ယမုံနာလမ်း အတိုင်း အရှေ့မှအနောက်သို့ စမ်းချောင်းမြို့နယ်နေ ယာဉ်မောင်း အောင်ဘာလေ (၂၁)နှစ်မောင်းနှင် လာသော ၇က/--- နီဆန်း ကွန်တိန်နာအနီရောင် အငှားယာဉ်သည် ဗန္ဓုလတံတားအတက် မီးပွိုင့်အရောက်၌ ၀ဲဘက်သို့ ချိုးကွေ့မောင်းနှင်စဉ် အရှိန်မထိန်း နိုင်ဘဲ ယာဘက်သို့တိမ်းမှောက် သွားခဲ့ပါသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပျက်စီးပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ဖြစ်သူတို့မှာ ပေါက်ပြဲ၊ နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံတွင် ပြင်ပလူနာ(မစိုးရိမ်ရ)အဖြစ် ကုသရခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း အောင်ဘာလေအား ဒေါပုံမြို့မရဲစခန်း ယာဉ်(ပ)၃၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၂၇၉ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ