သင့်လက်သည်းပေါ်မှာ လက်သည်းဆိုးဆေးတွေ ကြာရှည်ခံ လှပစေဖို့

လက်သည်းဆေးဆိုး ဆိုးတဲ့အခါ ဆိုးပြီး တစ်ရက်လောက်ဆိုရင် ဟိုပွန်း၊ ဒီပွန့် ဟိုပဲ့ဒီပဲ့ဖြစ်လာလို့ ပြန်ဖျက်လိုက်ရတာမျိုးတွေ ကြုံဖူးမှာပါ။ ကိုယ့်လက်သည်းပေါ်မှာ လက်သည်းဆိုးဆေး ကြာရှည်ခံပြီး လှပစေဖို့ဆိုရင် အောက်ပါ အချက်ကလေးတွေအတိုင်း စမ်းသပ်ကြည့်လိုက်ပါဦး။
၁။လက်သည်းမဆိုးခင် အရင်က လက်သည်းဆိုးဆေးတွေကို ဖျက်တဲ့အခါ လက်သည်းဖျက်ဆေးရည် သုံးတာထက် ပုံမှာပြထားတဲ့  paper towel လေးတွေသုံးပေးပါ။ ဖျက်ဆေးရည်နဲ့ဂွမ်းနဲ့ဆိုရင် ဂွမ်းစတွေ ကျန်ရစ်တာမျိုး၊ ဖျက်ဆေးရည်တွေ မကုန်စင်သေးခင် ဆိုးမိတာမျိုး ဖြစ်နိုင်လို့ပါ။

၂။လက်သည်းအရှည်တွေ ထားတာထက် ခုလို မတိုမရှည်လေးက ကောင်းပါတယ်။ လက်သည်းအရှည်ဆိုရင် အရာဝတ္ထုတွေနဲ့ တိုက်မိခိုက်မိတာမျိုးတွေ ဖြစ်တတ်လွန်းတာကြောင့်ပါ။

၃။လက်သည်းပေါ်မှာ လက်သည်းဆိုးဆေးတာရှည်ခံဖို့ ဆိုရင် လက်သည်းကို အ၀ိုင်းညှပ်ထားတာ အကောင်းဆုံးပါပဲ။

၎။လက်သည်းအနားသတ်တိုင်း၊ အစွန်းလေးတွေတိုင်းကို သေသေချာချာ လက်သည်းဆိုးပေးဖို့ လိုပါတယ်။

၅။လက်သည်းအားဖြည့် ခရင်မ်တွေဆောင်ထားပါ။ ဒါမှမဟုတ် အဆီလေးတွေဆောင်ပြီး တစ်နေ့ကို သုံးလေးခါ လက်သည်းကို လိမ်းပေးဖို့ လိုပါတယ်။

၆။လက်သည်းဆိုးဆိုးပြီးချင်း၊ လက်သည်းအလှဆင်ပြီးပြီးချင်း လက်ကို ရေထဲအကြာကြီးထားတာမျိုးတွေ ရှောင်ပါ။ ဥပမာ လက်သည်းအလှဆင်ပြီးပြီးချင်း ရေသွားကူးတာမျိုးတို့ဘာတို့ပေါ့။

၇။ လက်ကို sunscreen လိမ်းတဲ့အခါ လက်သည်းတွေကို ရှောင်ပြီး လိမ်းပါ။ ဘာဖြစ်လို့လဲဆိုတော့ sunscreen ထဲက ပါဝင်ပစ္စည်းတစ်ချို့ဟာ လက်သည်းဆိုးဆေးတွေကို ဖျော့တော့စေပြီး လက်သည်းပေါ်လိမ်းမိလိုက်တာနဲ့ ကြာရှည်ခံတာမျိုးလည်း ရှိမှာ မဟုတ်တော့ပါဘူး။

၈။topcoat ကိုတော့ နှစ်ရက် သုံးရက်နေမှ တစ်ခါထပ်ဆိုးပေးပါ။ နေ့တိုင်းဆိုးပေးမယ်ဆိုရင် လက်သည်းဆိုးဆေးပေါ်မှာ တစ်ထပ်ပြီးတစ်ထပ်ဆိုးသလိုဖြစ်နေမှာမို့ ထူထူကြီးနဲ့ အဆင်ပြေမှာ မဟုတ်ပါဘူး။

Ref:luckymag.com

Trend Myanmar
 

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ