အစ်ကိုဖြစ်သူ နိုင်းနိုင်းရဲ့ ရိုက်ကွင်း တွေကို လိုက်ကြည့်ရင်း အနုပညာပိုး ဝင်ခဲ့တဲ့ အောင်မင်းခန့်

 ထာဝရ မန္တလေး ဇာတ်လမ်းတွဲနဲ့ ပရိသတ်ရဲ့ အားပေးမှုကို ရရှိလာ တဲ့ အောင်မင်းခန့် က ဝိညာဉ်ရှိုက်သံ ဇာတ်လမ်းတွဲ ကိုလည်း ထပ်မံ ရိုက်ကူး ထားပါတယ်။ ဇာတ် ကား ပြသတဲ့အခါ ကျရင်လည်း ပရိသတ်ရဲ့အားပေးမှု ကို လိုချင်မိပြီး အတတ်နိုင်ဆုံး ကြိုးစား သရုပ်ဆောင် ထားတယ် ဆိုတဲ့ အောင် မင်းခန့်က

“ကျွန်တော် ပါတဲ့ ‘ဝိညာဉ် ရှိုက်သံ’ ဇာတ်လမ်းတွဲကတော့ မကြာ ခင်မှာ လွှင့်တော့ မှာပါ။ အဲဒီအခါ ကျရင်လည်း ပရိသတ်ကြီးက ကျွန်တော့် ကို “ထာဝရမန္တလေး” ဇာတ်လမ်းတွဲ တုန်းက အားပေး သလိုမျိုးပဲ ဆက် လက်ပြီး အားပေးစေချင်ပါတယ်။ ကျွန် တော်ကလည်း အတတ်နိုင်ဆုံး အကောင်း ဆုံး ဖြစ်အောင် ကြိုးစား ထားပါတယ်။ ပရိသတ်ရဲ့ အားပေး မှုကလည်း ကျွန်တော့် အတွက် တကယ်ကို အားအင် ဖြစ်စေပါတယ်။ စီးရီးက ချန်နယ်က လွှင့်တာနဲ့ ပရိသတ်က ကျွန်တော် တို့ကို ကြည့် ပြီး နီးစပ်ခွင့် ရတယ်။ ချန်နယ် ကတော့ နေ့တိုင်း လွှင့်ရင် နေ့တိုင်းပရိသတ် က ပိုသိတယ်။ ဒါကြောင့်လည်း စီးရီး ရိုက်တဲ့ အခါမှာ ပရိသတ်က တစ်ရက် ပြီး တစ်ရက်ကို စောင့်မျှော်ကြည့် ကြတာဖြစ် တဲ့အတွက် စီးရီး အလိုက် အဆင်ပြေအောင် အိုက်တင် ပိုင်းနဲ့ ပတ်သက်ပြီး မညံ့အောင်တော့ ကြိုးစားပြီး ရိုက်ကူးဖြစ်ပါတယ်”လို့ ဇာတ် လမ်းတွဲ ရိုက်ကူးမှု အပိုင်း နဲ့ပတ် သက်ပြီး ပြောပါတယ်။

အောင်မင်းခန့်က သရုပ်ဆောင် နိုင်းနိုင်းနဲ့ ညီအစ်ကို ဝမ်းကွဲတော်စပ် သူလည်း ဖြစ်ပါတယ်။ အစ်ကိုဝမ်းကွဲ ဖြစ်သူ နိုင်းနိုင်း ရဲ့ ရိုက်ကွင်းတွေကို ငယ်ငယ် ကတည်းက လိုက်ကြည့်ပြီး တော့ အနုပညာပိုး စပြီး ဝင်ခဲ့တယ် လို့ အောင်မင်းခန့်က ပြောပါတယ်။

“ကျွန်တော်က ကိုနိုင်းနိုင်း နဲ့က ညီအစ်ကို ဝမ်းကွဲတော်ပါတယ်။ ကျွန်တော် တို့ညီအစ်ကိုဝမ်းကွဲ တော်တာကို သိတဲ့ ပရိသတ်တွေလည်း ရှိသလို မသိတဲ့ ပရိသတ်တွေ လည်း ရှိပါတယ်။ ကျွန်တော့်ကို ထာဝရ မန္တလေး ကြည့်ပြီး တချို့ပရိသတ်တွေက ကိုနိုင်းနိုင်း နဲ့တူတယ်ဆိုပြီး ပြောကြ တာတွေ ရှိတယ်။ ကျွန်တော် ငယ် ငယ်တုန်းက ကိုနိုင်းနိုင်း ရိုက်တဲ့ ရှု တင်တွေဆိုရင် ကျွန်တော် လိုက်ပြီး ကြည့်ဖြစ်တယ်။ သူသရုပ်ဆောင် တာကြည့်ပြီး ကျွန်တော် အနုပညာပိုး စပြီး ဝင်လာတယ်။ တစ်ချိန် ကျရင် ကိုယ့်ရဲ့ အစ်ကိုလို မျိုး သရုပ်ဆောင် နိုင်တဲ့ သရုပ်ဆောင်ကောင်း တစ် ယောက်ဖြစ်အောင် ကြိုးစားပြီး လုပ် မယ် ဆိုတဲ့ စိတ်တွေ ဝင်လာတယ်။ သူ့ကို အားကျပြီးတော့ သရုပ်ဆောင် ဖြစ်ချင်လာတယ်” လို့ ပရိသတ်ရဲ့ အားပေးမှု နဲ့ ရှေ့ဆက်မယ့် အကြောင်း ကို အောင်မင်းခန့်က ပြောပါတယ်။

လွင်လွင်ထွန်း

Popular Journal


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ