ဗာမေလန်ကို မန်ချက်စတာယူနိုက်တက် ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီဟုဆို

မန်ချက်စတာယူနိုက်တက် အသင်းသည် အာဆင်နယ် အသင်းခေါင်းဆောင် သောမတ်စ်ဗာမေလန်ကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေး သဘောတူညီချက် ရရှိထားပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

Telegraph သတင်းစာက စတင်ဖော်ပြခဲ့သည့် အဆိုပါ သတင်းသာ မှန်ကန်ခဲ့ပါက (၂)နှစ်မျှ အတောအတွင်း ယူနိုက်တက်က အာဆင်နယ် အသင်းခေါင်းဆောင်ကို ဒုတိယ အကြိမ်မြောက် ခေါ်ယူခြင်း ဖြစ်လာနိုင်သည်။ (၂၀၁၂)ခုနှစ်က ယူနိုက်တက်သည် အာဆင်နယ် အသင်းခေါင်းဆောင် ရော်ဘင်ဗန်ပါစီကို ဝယ်ယူခဲ့ဖူးသည်။

လတ်တလောတွင် ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းနှင့်အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသည့် ဗဟိုနောက်ခံလူ ဗာမေလန်သည် အာဆင်နယ်မှ ထွက်ခွာရန် စီစဉ်နေပြီး ယခုအခါ ဆရာဟောင်း လူးဝစ်ဗန်ဂါးလ်နှင့် ပြန်လည်လက်တွဲဖွယ် ရှိနေသည်။

ကမ္ဘာ့ဖလား အပြီးတွင် ယူနိုက်တက်၏ မန်နေဂျာအဖြစ် တာဝန်ယူသွားမည့် ဗန်ဂါးလ်သည် အေဂျက်စ် အမ်စတာဒမ် အသင်းကို ကိုင်တွယ်စဉ်က ဗာမေလန်ကို အကောင်းဆုံး ပျိုးထောင်ပေးခဲ့သူ ဖြစ်သည်။ အသက်(၂၈)နှစ်ရှိ ဗာမေလန်သည် ယခုအခါ အာဆင်နယ်နှင့် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့ပြီး အမ်းမရိတ်စ်မှ ကျောခိုင်းထွက်ခွာရန် အသင့်ရှိနေပြီ ဖြစ်သည်။

ယူနိုက်တက်သည် ကမ္ဘာ့ဖလား အပြီးတွင် ဗာမေလန်၏ ပြောင်းရွှေ့ကြေးအတွက် အာဆင်နယ်နှင့် ဆွေးနွေးဖွယ် ရှိနေပြီး စာချုပ် အနေအထားအရ အာဆင်နယ် အနေဖြင့် ပေါင်စတာလင် (၁၀)သန်းအောက် ဈေးနှုန်းမျိုးကိုသာ တောင်းဆိုနိုင်ဖွယ် ရှိသည်။

ဗာမေလန်သည် လက်ရှိ အချိန်ထိ အာဆင်နယ်၏ တရားဝင် အသင်းခေါင်းဆောင်အဖြစ် သတ်မှတ် ခံထားရသည့်တိုင် ပြီးခဲ့သည့် ရာသီက မာတီဆက်ကာနှင့် လောရင့်ကိုစီရယ်နီတို့၏ အရန်လူ အနေဖြင့်သာ အဓိက ကစားခဲ့ရသည်။

၎င်းသည် အာဆင်နယ်တွင် တစ်ပတ်လုပ် စတာလင်ပေါင် (၇၀၀၀၀)မျှ ရရှိနေသော်လည်း ယူနိုက်တက်နှင့် စာချုပ်ဖြစ်ပါက တစ်ပတ်လုပ်ခ စတာလင်ပေါင် (၁၀၀၀၀၀)မျှထိ ခံစားခွင့် ရလာနိုင်ဖွယ်ရှိသည်။

ယူနိုက်တက်သည် ဝါရင့် ခံစစ်သမား နှစ်ဦးဖြစ်သည့် ဗီဒစ်နှင့် ဖာဒီနန်တို့ကို လက်လွှတ်ခံခဲ့ပြီးနောက် နောက်တန်းကို ပြန်လည်မွမ်းမံ အားဖြည့်ရန် စီစဉ်နေပြီး နယ်သာလန် လက်ရွေးစင် ဗာဂျယ်ဗန်ဒက်ဂ်ျကိုလည်း ချိတ်ဆက်လျက်ရှိသည်။

_Ref; Telegraph
7Day Daily
Photo - Getty Images

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ