ပြည်တော်အေး ကမ္ဘာ့ ဒုက္ကရ စရိယ ဗုဒ္ဓရုပ်ပွားတော် မေးစေ့တော်တွင် ပျားများ စွဲလျက်ရှိ

 မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံ မြို့နယ် လမ်း ၃ဝနှင့် ၆၂ လမ်းထောင့် မက္ခရာ ကျောင်းတိုက် အတွင်းရှိ ပြည်တော်အေး ကမ္ဘာ့ ဒုက္ကရ စရိယ ဗုဒ္ဓရုပ်ပွားတော်၏ မေးစေ့တော်၌ ယမန်နေ့ ညနေ ၃ နာရီခွဲက စတင်၍ ပျားများလာရောက် စွဲကပ်လျက် ရှိကြောင်း သိရသည်။

''ကမ္ဘာ့ ဒုက္ကရ စရိယ ဗုဒ္ဓရုပ်ပွားတော် ကြီးရဲ့ မေးစေ့တော်ကို ယမန်နေ့က ပျားတွေ လာစွဲနေတာ တွေ့ရတယ်။ ပျားအုံက တဖြည်းဖြည်း များလာပြီး ည ၇ နာရီခန့်မှာ ပျားအုံကြီး အရွယ်က အရှည် ၅ ပေခန့်၊ အကျယ် ၃ ပေခန့် အထိရှိပြီး ဒီနေ့အထိ စွဲကပ်နေတုန်း ဖြစ်ပါတယ်။ ဧပြီလဆန်းပိုင်း ကလည်း ဘုရားဘယ်ဘက် ရင်ဘတ်တော်မှာ ရောင်ခြည်တော် ၃ မိနစ်ခန့် ကွန့်မြူးတာကို ဖူးတွေ့ခဲ့ပါတယ်''ဟု ဘုရားဒါယကာ သံဝေဇနိယ လေးဌာ နပြန် ပြည်တော်အေး ဦးလှဝင်းက ပြောပြသည်။

ပြည်တော်အေး ကမ္ဘာ့ ဒုက္ကရ စရိယ ဗုဒ္ဓရုပ်ပွားတော် ကြီးကို ၂ဝဝ၁ ခုနှစ်တွင် သံဝေဇနိယ လေးဌာနပြန် ပြည်တော်အေး ဦးလှဝင်း-ဒေါ်ပြုံးကြည် မိသားစု တို့က အများပြည်သူ ကြည်ညို ဖူးမြော်နိုင်ရန် ရည်သန် တည်ထားခဲ့ပြီး ဘုရား ပရဝဏ် အတွင်း အတုမရှိ ရင်ပြင်တော်၊ နတ်သားရုပ်တု၊ ဒုက္ကရ စရိယ မြတ်ဗုဒ္ဓ၊ ပရိနိဗ္ဗာန်စံ ရုပ်ပွားတော်နှင့် ပလ္လင်တော် တို့ကို ပူဇော် ထားရှိကြောင်း သိရသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ