'ရှေ့ယာဉ်အားကျော်တက်ရာမှ ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်တိုက်မိသဖြင့် ဆိုင်ကယ်ပေါ်ပါသူ(၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၁၉

၁၈.၆.၂၀၁၄ ရက်နေ့ ၁၀၀၅ အချိန်တွင် သုံးခွမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ
သည် သုံးခွမြို့နယ်ပြည်သူ့ဆေးရုံ တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ဒဏ်ရာ
ရရှိသူ အမျိုးသား(၂)ဦးရောက်ရှိနေကြောင်းသတင်းအရ သွားရောက်
စစ်ဆေးရာ ခရမ်းမြို့နယ်နေ ကိုမျိုးဇော်၊ (၃၉)နှစ်တွင် ၀ဲခြေသလုံးရိုးကျိုး၊ ယာပေါင်နှင့် ၀ဲတင်ပါးဆုံတို့တွင် ပေါက်ပြဲဒဏ်ရာများရရှိကာ အတွင်းလူနာ
(မစိုးရိမ်ရ)အဖြစ်လည်းကောင်း၊ ဦးခင်လှိုင်(၅၀)နှစ်တွင် ၀ဲချိုစောင်းပေါက်ပြဲ
သွေးထွက်ဒဏ်ရာရရှိပြီး အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် လည်းကောင်းကုသ
နေရာမှ ဦးခင်လှိုင်မှာ ရရှိ သောဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရှိရ
ပါသည်။

'ဖြစ်စဉ်အားစုံစမ်းရာ ၀၉၄၀ အချိန်ခန့်က ကိုမျိုးဇော်သည် ၂၄ယ/---- RANBO-110 ဆိုင်ကယ်ဖြင့် ဦးခင်လှိုင် အား တင်ဆောင်ကာ သုံးခွ-သန်လျင်ကားလမ်းအတိုင်း သုံးခွဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်
လာစဉ် သုံးခွမြို့နယ်၊ ဥယျာဉ်ရွာထိပ်အရောက်တွင် ရန်ကုန်ဘက်မှ ယာဉ်မောင်း ကျော်မင်းထွေး၊ (၄၀)နှစ်၊ (ဘ)ဦးကျော်၊ သုံးခွမြို့နယ်နေသူ
မောင်းနှင်လာသော ၂စ/---- ဟွန်ဒိုင်း စီးတီးဘတ်စ်၊ သုံးခွ-ရန်ကုန် ခရီးသည်တင်ယာဉ်မှ ရှေ့ယာဉ်အားကျော်တက်စဉ် ကိုမျိုးဇော်မောင်းနှင်
သောဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရှိရ
ပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကျော်မင်းထွေးအား သုံးခွမြို့မရဲစခန်းယာဉ် (ပ)၂၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ