စက်ဘီးနောက်မှစီးလာသူအမျိုးသမီး၏ရွှေဆွဲကြိုးအား ဆိုင်ကယ်စီးအမျိုးသား (၂)ဦးမှ လုယက်

ရန်ကုန်၊ ၂၀

၁၉.၆.၂၀၁၄ ရက်နေ့ ၂၀၀၀ အချိန် မြောက်ဥက္ကလာပမြို့နယ်နေ မလှလှဌေးမှ ၎င်းသည် ရွှေပေါက္ကံမြို့သစ်၊ (၁၆)ရပ်ကွက်ရှိ ၎င်းပိုင် ဆိုင်ကယ်အပိုပစ္စည်း အရောင်းဆိုင်အားပိတ်သိမ်းပြီး ခင်ပွန်းဖြစ်သူနှင့်အတူ စက်ဘီးစီးဖြင့် ၎င်းမှ
နောက်မှထိုင်စီးပြီး သုနန္ဒာလမ်းအတိုင်း နေအိမ်သို့ ပြန်လာခဲ့ကြကြောင်း၊
မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်းနှင့် ဂရုဏာလမ်းထိပ် အရောက်၌ ၎င်းတို့၏နောက်ဘက်မှ ဆိုင်ကယ်တစ်စီးဖြင့်လိုက်ပါလာသူ လူငယ်နှစ်ဦးအနက် ဆိုင်ကယ်နောက်တွင် ထိုင်စီးလာသောလူငယ်မှ ၎င်းဝတ်ဆင်ထားသော ဆွဲသီးပါရွှေဆွဲကြိုး(၁)ကုံး၊ တန်ဖိုးငွေကျပ်(၇၅၀၀၀၀)ခန့်
ကို ဆွဲဖြတ်လုယူခဲ့ကြောင်း၊ ၎င်းမှပြန်လည်လုယူခဲ့သဖြင့် ဆွဲကြိုး လုယက်သူ များ၏ဆိုင်ကယ်မှာလဲသွားခဲ့စဉ် ပတ်ဝန်းကျင်အားအော်ဟစ်အကူအညီတောင်းခဲ့ သဖြင့် လှည့်ကင်းရဲတပ်ဖွဲ့ဝင်များနှင့် အနီးရှိပြည်သူများမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာ ဆွဲကြိုးဖြတ်ယူသူကို JIANLING အမျိုးအစားဆိုင်ကယ်(၁)စီး၊ ဆွဲကြိုးအပြတ်နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါသည်။

ဖမ်းဆီးရမိသူအား စစ်ဆေးရာပြည်စုံဝင်း (၁၈)နှစ်၊ (ဘ)ဦးသန်းဝင်း၊ပလရ ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ် နေသူဖြစ်ကြောင်းသိရှိရပြီး ထွက်ပြေးတိမ်းရှောင်
သွားသူမှာ ဘူးသီး(စုံစမ်းဆဲ)ဖြစ်ကြောင်းသိရှိရပါသည်။

ယင်းသို့ ပြစ်မှုကျူးလွန်သူ ပြည့်စုံဝင်းနှင့် ဘူးသီးတို့(၂)ဦးအား မြောက်ဥက္ကလာပ မြို့မရဲစခန်း (ပ)၄၅၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၂ဖြင့် အမှုဖွင့်အရေးယူကာ ထွက်ပြေး တိမ်းရှောင်နေသူ ဘူးသီး အားဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ