မောင်းနှင်လာသည့်ယာဉ်ပေါ်သို့ သစ်ပင်လဲကျပိမိသဖြင့် ယာဉ်မောင်းသူသေဆုံး

ရန်ကုန်၊ ဇွန် ၅

၎.၅.၂၀၁၄ရက်နေ့၁၆၀၀အချိန်တွင် ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၌ မော်တော်ယာဉ်တစ်စီး မောင်းနှင်လာစဉ် သစ်ပင်လဲကျပိမိသဖြင့် ယာဉ်မောင်းအမျိုးသား ဒဏ်ရာရသေဆုံးသွားကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ လှိုင်မြို့နယ်နေ ယာဉ်မောင်း ကိုသိန်းဇော်ဦး၊ (၁၉)နှစ်သည် 9F---- Probox အငှားယာဉ်အား မြို့မကျောင်းလမ်းအတိုင်း မောင်းနှင်လာစဉ် အမှတ်(၁၄၀)ခြံဝင်းအတွင်းရှိ စိန်ပန်းပင်မှာ မိုးရွာသွန်းမှုကြောင့် အမြစ်မှကျွတ်ထွက်ပြီး လမ်းပေါ်သို့လဲကျခဲ့ရာ ယာဉ်ပေါ်သို့ပိမိခဲ့သဖြင့် ယာဉ်ပျက်စီးပြီး ၎င်းတွင်ယာပေါင်နှင့် ၀မ်းဗိုက်ဝဲဘက်တို့၌ ပေါက်ပြဲဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီး
သို့ပို့အပ်ကုသနေစဉ် ၁၈၃၀ အချိန်တွင် သေဆုံးသွားခဲ့ခြင်းဖြစ် ပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဒဂုံမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၄/၂၀၁၄) ဖြင့်ရေးဖွင့်ကာ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police



မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ