လ္ဘက်ရည်ဆိုင်၌ စကားကျယ်လောင်စွာပြောဆိုသည့်ကိစ္စအား တားမြစ်ပေးရန်ပြောဆိုရာမှ ဓါးဖြင့်ထိုး၍ သေဆုံး

ရန်ကုန်၊ ဇွန် ၁၀

၉.၆.၂၀၁၄ ရက်နေ့ ၂၂၃၀အချိန်တွင် လှိုင်သာယာမြို့နယ်နေ ကိုထွန်းနိုင်ဝင်းမှ ၎င်းသည် သူငယ်ချင်းဖြစ်သူ ကိုဇော်၊ သန်းဇော်ဦးတို့နှင့်အတူ လှိုင်သာယာမြို့နယ်၊ (၁၉)ရပ်ကွက်၊ ဗိုလ်အောင်ကျော် လမ်းဘေးရှိ လက်ဘက်ရည်ဆိုင်၌ လက်ဘက်ရည်သောက်နေခဲ့ကြောင်း၊ ထိုစဉ် တစ်ဘက်စားပွဲတွင်ထိုင်နေသော လူငယ်(၅)ဦးခန့်၏ စကားပြောဆိုသံမှာ ကျယ်လောင်နေသဖြင့် တားဆီးပေးရန် ဆိုင်ကောင်တာဘက်သို့လှမ်းပြောခဲ့ကြောင်း၊ ထိုသို့ပြောဆိုပြီး ခဏအကြာတွင် ၎င်းလူငယ်(၅)ဦးခန့်မှာ ဆိုင်အပြင်သို့ ထွက်သွားခဲ့ကြောင်း၊ (၁၀)မိနစ်ခန့်အကြာတွင် ၎င်းတို့ထိုင်နေသည့်နေရာသို့ ပြန်ဝင်လာကာ လူငယ်(၅)ဦးအနက်(၁)ဦးမှ ကိုသန်းဇော်ဦးအား ဓါးဖြင့်ထိုးပြီး ကျန်လူများမှ ကိုထွန်းနိုင်ဝင်းနှင့် ကိုဇော်တို့အား ဓါတ်ဘူးနှင့်ရိုက်၊ လက်သီးနှင့်ထိုးခဲ့ကြကြောင်း၊ ထိုသို့ပြုမူခဲ့ကြ သဖြင့် ကိုသန်းဇော်ဦးမှာ ၀ဲနံစောင်းထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာခါးထိုးသွင်းဒဏ်ရာ(၁)ချက်နှင့် နောက်ကျောထိုးသွင်းဒဏ်ရာ (၁)ချက်တို့ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ ကိုထွန်းနိုင်ဝင်းတွင် ၀ဲချိုစောင်းပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ ကိုဇော်တွင် ၀ဲချိုစောင်း၊နဖူးနှင့် ၀ဲလက် ကောက်ဝတ်တို့တွင် ဖူးရောင်ပေါက်ပြဲသွေးထွက်ဒဏ်ရာများရရှိခဲ့သဖြင့် လှိုင်သာယာ
ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ် ကုသခဲ့ရပါသည်။

ယင်းသို့ ကျူးလွန်သူများကိုအရေးယူပေးရန် ကိုထွန်းနိုင်ဝင်းမှ တိုင်တန်းသဖြင့် လှိုင်သာယာမြို့မ ရဲစခန်း(ပ)၈၁၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂/၃၂၅/၁၁၄ ဖြင့် အမှုဖွင့်လှစ်ပြီး ပြစ်မှုကျူးလွန်သူ
များဖြစ်သော လှိုင်သာယာမြို့နယ်နေ ဖြိုးကို(ဘ)ဦးခင်သန်း၊ ငြိမ်းချမ်း(ခ)သက်မောင်မောင် (ဘ)ဦးမြင့်ဌေး၊ အရှည်ကြီး(ခ) နိုင်လင်းထွန်း (ဘ)ဦးတရုတ်ကြီး၊ မျိုးဇော်(ဘ)ဦးတင်ဝင်းနှင့်
တင်မောင်မျိုး (ဘ)ဦးမျိုးတင့်တို့(၅)ဦးအား ဖမ်းဆီးစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ