ကိုရီးယား K-Pop ဖျော်ဖြေပွဲမှာ ပါဝင်သီဆိုမယ့် Bobby Soxer နဲ့ ဟဲလေး

မြန်မာနိုင်ငံအတွင်း ပထမဆုံးအကြိမ်ပြုလုပ်မယ့် ကိုရီးယား K-Pop ဖျော်ဖြေပွဲကို ဧပြီလ ၃ဝ ရက်နေ့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

အဆိုပါဖျော်ဖြေပွဲကို မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်နှင့် ကိုရီးယား Han Back ITC ကုမ္ပဏီတို့မှ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ ချုပ်ဥက္ကဋ္ဌဖလားပြိုင်ပွဲအတွက် ရန်ပုံ ငွေရရှိစေရန် စီစဉ်ကျင်းပ ခြင်းဖြစ်ပြီး သုဝဏ္ဏအားကစားရုံအတွင်း တိုက်ကွမ်ဒိုအားကစား ရုံအသစ်အတွက်လည်း ငွေကြေးအထောက်အ
ကူဖြစ်စေ ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်တယ်လို့ တိုက်ကွမ်ဒို အဖွဲ့ချုပ် ဥက္ကဋ္ဌဦးမြဟန်ကပြောပြခဲ့ပါတယ်။

K-Pop ဖျော်ဖြေပွဲမှာ Girls Day, Dal-Shabet, TINT နဲ့ ကိုရီးယားရုပ် သံစီးရီးတွဲဖြစ်တဲ့ ဆောင်းဦးရွက် ကြွေချစ်သက်သေရဲ့ ဇာတ်ဝင်တေးအဆိုရှင် Jung II Young တို့လာရောက် ကြမှာဖြစ်ပြီး ပြည် တွင်းမှာ နာမည်ကြီး အဆိုတော်များဖြစ်တဲ့ ဟဲလေးနဲ့ Bobby Soxer တို့လည်း ပါဝင်ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းပထမဆုံး အကြိမ်ပြုလုပ်မယ့် ကိုရီးယား K-Pop ဖျော်ဖြေပွဲမှာပြည်တွင်းအဆို ရှင်အနေနဲ့ပါဝင်သီဆိုဖျော်ဖြေမယ့် ဟဲလေးက " ဒီအစဉ်လေးက လည်း တအားကောင်းတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကို K-Pop အဖွဲ့ကလည်း ပထမဆုံး လာ ရောက်ဖျော်ဖြေတာ ဖြစ်တယ်။

ပြီးတော့လည်း ကျွန်တော် ကဒီပွဲကို စိတ်ဝင်စားတဲ့ အတွက် ဒီပွဲမှာ မြန်မာအဆိုတော် တစ်ယောက် အနေနဲ့ ပါဝင်ဖျော်ဖြေပေးဖို့ ကမ်းလှမ်းလာခဲ့တာနဲ့ လက်ခံဖြစ်ခဲ့ တယ်။ မြန်မာပြည်မှာလည်း K-Popအဖွဲ့ကိုကြိုက်တဲ့သူတွေရှိကြမှာပါ။ K-Pop ကိုအားပေးနေတဲ့ ပရိသတ်တွေ အတွက် ဒါအခွင့်အရေးတစ်ခုပါ" လို့ ပြောပြခဲ့ပါတယ်။

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ