စက်ဘီးစီးနင်း သွားနေသူများအား ယာဉ်တိုက်မိသဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၃၀

၂၉.၄.၂၀၁၄ ရက်နေ့ ၂၃၅၀ အချိန်တွင် ကမာရွတ်မြို့နယ်၊ ဘုရင့်နောင် လမ်းအတိုင်း ရွာမကွေ့ဘက်မှ ကြည့်မြင်တိုင်ငါးဈေးဘက်သို့ ယာဉ်မောင်း ကျော်ကျော်ရှိန်၊ (၄၄)နှစ်၊ (ဘ)ရန်ရှိန်၊ ဒဂုံမြို့နယ်နေသူမောင်းနှင်လာသော 9C---- တိုယိုတာ တောင်းအေ့စ်အဖြူ ရောင်ကိုယ်ပိုင်ယာဉ်သည် သင်္ဘောကျင်း ၀န်ထမ်းအိမ်ရာရှေ့အရောက် ရှေ့မှ ကမာရွတ်မြို့နယ် နေသူများဖြစ်သော ကိုရဲချစ်ဦး စီးနင်းပြီး နောက်မှ မအေးမိစံ စီးနင်း လိုက်ပါလာသော စက်ဘီးကို ၀င်ရောက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ကိုရဲချစ်ဦးတွင် နဖူး၊ ၀ဲလက်ကောက်ဝတ်၊ ၀ဲလက်ခုံ၊ ၀ဲခါးတို့တွင် ပွန်းပဲ့ဒဏ်ရာများ နှင့် ယာနားထင်ပိန်ချိုင့်ဒဏ်ရာတို့ရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တက်ရောက်ကုသ
ခဲ့ရပြီး မအေးမိစံ၌ ၀ဲ၊ ယာမျက်ခုံးစုတ်ပြဲ၊ နှာခေါင်းသွေးထွက်၊ ယာနားသွေးထွက်၊ ရှေ့သွားကျိုး၊ ၀ဲချိုစောင်းပေါက်ပြဲ၊ ခြေသလုံးဖူးရောင်ဒဏ်ရာ များရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကျော်ကျော်ရှိန်အား ကမာရွတ် မြို့မရဲစခန်း ယာဉ်(ပ)၃၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၇၉/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ