မြန်မာ့တပ်မတော် နောက်ကွယ်မှ လျှို့ဝှက်စစ်သည်တော်များ

မြန်မာ့တပ်မတော် နောက်ကွယ်မှ လျှို့ဝှက်စစ်သည်တော်များကျွန်ုပ်သည် ၂၀၁၂ ခုနှစ်၊ ဇွန်လက ရွှေဘိုမြို့ကျွန်တော်သူငယ်ချင်း အိမ်ရောက်စဉ် သူငယ်ချင်းရဲ့သမက်ဖြစ်သူ ကိုမောင်လင်းအား ဗေဒင်ဟောပေးရာသူ့ကို

ရွှေဘိုမြို့စောင့်နတ်မင်းကြီး စောင့်ရှောက်နေကြောင်း တွေ့ရပါတယ်။ ရွှေဘို မြို့စောင့်နတ်မင်းကြီးကို စားစရာများ ဆက်ကပ်ပြီး မိမိလိုချင်တဲ့ အကူအညီများ တောင်းရန်နဲ့ ရွှေဘိုကနေ ဘယ်ကိုမျှ ရွှေ့ပြောင်းနေထိုင်ခြင်း မပြုရန် ပြောရပါတယ်။ အဲဒီလိုပြောဆိုနေစဉ်မှာပဲ ရွှေဘို မြို့စောင့်နတ်မင်းကြီး ကြွရောက်လာပါတယ်။ ရွှေဘိုမြို့စောင့်နတ်မင်းကြီးကကိုမောင်လင်းအား မှာကြားစရာများ မှာကြားပြီးတဲ့နောက် ကျွန်တော်က နတ်မင်းကြီးကို ဘယ်တုန်းကစပြီး ရွှေဘိုမြို့ကို စောင့်ရှောက်ပါသလဲလို့မေးရာနတ်မင်းကြီးက အလောင်းမင်းတရားကြီး ဦးအောင်ဇေယျခေတ်မတိုင်မီ မုဆိုးဖို ရွာကတည်းက စောင့်ရှောက်လာတဲ့အကြောင်း ဦးအောင်ဇေယျနဲ့ ဆင်ဖြူရှင်မင်းတို့ ယိုးဒယား စစ်ချီတက်တဲ့ တိုက်ပွဲတွေမှ အာသံမဏိပူရနဲ့ တရုတ်နယ်စပ် ဗန်းမော်ဘက်မှာတိုက်တဲ့ တိုက်ပွဲများတွင် နတ်စစ်သည် ၇၀ဝ လောက်ပါဝင်တိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။

နတ်စစ်သည်တွေဟာ နရသီဟပတေ့ တရုတ်ပြေးမင်းလက်ထက် ဗန်းမော် ကောင်းတုံဘက်မှာတရုတ်တပ်တွေ ကျူးကျော်လာတဲ့အခါ မြန်မာစစ်သည်များနှင့်အတူ နတ်စစ်သည်များ ပါဝင် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုစဉ်က မြန်မာတို့စစ်ရှုံးသည်ကိုစစ်ပွဲတွင် ပါဝင်တိုက်ခိုက်သော နတ်က ပုဂံ သာသနာပိုင်ဆရာတော်ကို ကြိုတင်လာရောက် လျှောက်ထားသဖြင့် နရသီဟပတေ့မင်း လှေအစင်း ၁၀ဝဝ နှင့်မင်းညီမင်းသား၊ မိဖုရား၊ မှူးမတ်များ၊ စားနပ်ရိက္ခာများပါ သယ်ဆောင်ပြီး တရုတ်တပ်တွေ ပုဂံမရောက်ခင် အောက်မြန်မာပြည် ဒလသို့ ထွက်ပြေးခဲ့ရကြောင်း သမိုင်းတွင် မှတ်တမ်းတင်ထားသည်ကိုဖတ်ရှုရပါတယ်။

မြန်မာနိုင်ငံကို ပရလောကမှ နတ်စစ်သည်တွေကပါ ကာကွယ်စောင့်ရှောက်လျက်ရှိတဲ့ သဘောပါပဲ။ဒါက ရှေးခေတ်နဲ့ဆိုင်တဲ့ အထောက်အထားလို့ပြောရပါမယ်။ ယခုခေတ်မှာ မြန်မာနိုင်ငံတော်ကိုစောင့်ရှောက် ကာကွယ်ပေးနေတဲ့ နတ်စစ်သည်တွေရှိပါသလား။လွန်ခဲ့တဲ့နှစ်ကပင် ကျွန်ုပ်ကို စောင့်ရှောက်နေတဲ့ ဝိဇ္ဇာကြီးများရဲ့ ပြောပြချက်အရ ပရလောကမှနတ်စစ်သည်များ အုပ်စုသုံးအုပ်စုဖွဲ့ပြီး မြန်မာနိုင်ငံကိုစောင့်ရှောက်နေကြောင်း သိရပါတယ်။ ပထမအုပ်စုကဘုရင်ကြီးများနဲ့ ဖွဲ့စည်းထားတဲ့ စစ်သည်တော် အုပ်စုဖြစ်ပြီး၊ဒုတိယအဖွဲ့အစည်းက အိမ်ရှေ့မင်းသားများဦးဆောင်တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ တတိယအဖွဲ့က စစ်သူကြီးများ ဦးဆောင်တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ ဘုရင်ကြီးများ ဦဆောင်တဲ့တပ်ဖွဲ့က ရွှေဘိုခရိုင် ဒီပဲယင်းမြို့မှာဌာနချုပ်ရှိပါတယ်။ ကုန်းဘောင်ခေတ် နောင်တော်ကြီးမင်းက ဦးဆောင်ကြောင်း သိရပါတယ်။ ကျွန်တော်ကနတ်စစ်သည်တွေရဲ့ အခြေအနေကို သိလိုသဖြင့် ၁-၄-၂၀၁၃ ရက် မနက်တွင် နောင်တော်ကြီးမင်းကိုပင့်ပါတယ်။ နောင်တော်ကြီးမင်း ကြွရောက်လာတာတွေ့ရပါတယ်။ ရှေးက ဘုရင်အဝတ်အစားနဲ့ ကြွလာပါတယ်။ ဝတ်ပုံက သိပ်တော့ သပ်သပ်ရပ်ရပ်မရှိလှပါဘူး။ ဇာတ်ပွဲထဲက လူရွှင်တော်ဘုရင်နဲ့တူနေပါတယ်။

ကျွန်ုပ်။ ။ နောင်တော်ကြီး ဘုရင်ကြီးပါလား။ နောင်တော်ကြီး ဘုရင်ကြီးက ဒီပဲရင်းမှာ နတ်စစ်သည်တွေရဲ့ အကြီးအကဲလို့ သိရပါတယ်။ အဲဒီနတ် စစ်သည်တွေနဲ့ ပတ်သက်ပြီး သိပါရစေ။

နောင်တော်ကြီးမင်း။ ။ကျွန်ုပ်က စစ်ဦးစီးချုပ်ပါ။ကျွန်ုပ်ရဲ့စစ်သည်တော်တွေက အင်အား ၂၀ဝဝ ရှိပါတယ်။ အင်းဝဘုရင် သာလွန်မင်းကြီးက ဒုတိယစစ်ဦးစီးချုပ်ပါ။ သူ့ရဲ့စစ်သည်တွေက ၁၀ဝဝ ရှိပါတယ်။ မင်းကြီးစွာစော်ကဲက စစ်ဗိုလ်ချုပ်တာဝန်ပါ။မင်းကြီးစွာစော်ကဲရဲ့ စစ်သည်က ၁၀ဝဝ ရှိပါတယ်။ကွမ်းဆော်ကြောင်ဖြူမင်းရဲ့ စစ်သည်က ၃၀ဝ ရှိပါတယ်။ အလောင်းမင်းတရားကြီးရဲ့ စစ်သည်တွေက၂၀ဝဝ ရှိပါတယ်။ အားလုံးနတ်စစ်သည် ၆၃၀ဝရှိပါတယ်။ ဒီနတ်စစ်သည်တပ်ကို မြန်မာနိုင်ငံစောင့်နတ်ကြီးများက ဖွဲ့စည်းပေးထားပါတယ်။ မူလတုန်းကဖခင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျကစစ်ဦးစီးချုပ်ပါ။ ဖခင်ကြီးက လွန်ခဲ့တဲ့ သုံးနှစ်ခန့်ကဘဝပြောင်းသွားတဲ့အတွက် မြန်မာနိုင်ငံစောင့်နတ်မင်းကြီးများက ကျွန်ုပ်ကို စစ်ဦးစီးချုပ်တာဝန်ပေး၍ထမ်းဆောင်နေရပါတယ်။

ကျွန်ုပ်။ ။ အဲဒီတုန်းက အလောင်းမင်းတရားကြီးက ရွှေဘိုမြို့က သိုက်ကြီးရဲ့ အကြီးအကဲပါ။ သိုက်အကြီးအကဲက နတ်ထက်ပိုမြင့်သလား။

နောင်တော်ကြီးမင်း။ ။ သိုက်အကြီးအကဲက နတ်ထက်ပိုမမြင့်ပါဘူး။ဒါပေမယ့် မြန်မာနိုင်ငံစောင့်နတ် မင်းကြီးများက ပိုပြီးသင့်တော်မယ်ထင်လို့ စစ်ဦးစီးချုပ် တာဝန်ကို ပေးတယ်ထင်ပါတယ်။ ဖခင်ဘုရင်ကြီးရဲ့ တပ်သားတွေကိုပါ ကျွန်ုပ်က အုပ်ချုပ်နေရပါတယ်။

ကျွန်ုပ်။ ။ အိမ်ရှေ့မင်းတွေရဲ့ တပ်က သီးခြားရှိတယ်ဆို ဒါမှန်ပါသလား။

နောင်တော်ကြီး။ ။ ဟုတ်ပါတယ်။ သူတို့ကကျွန်ုပ်တို့ရဲ့ လက်အောက်မှာ မရှိပါဘူး။ သူတို့စစ်တပ်ဌာနချုပ်က သီးသန့်ပါ။ ရှမ်းပြည်နယ် ရွှေညောင်မြို့မှာ ရှိပါတယ်။

ကျွန်ုပ်။ ။ စစ်သူကြီးတွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ စစ်တပ်ကြီးကလည်း သီးခြားရှိတယ်ဆိုတာ ဟုတ်ပါသလား။

နောင်တော်ကြီး။ ။ ဟုတ်ပါတယ်။ စစ်သူကြီးနတ်သုံးဦး ဦးဆောင်ဖွဲ့ထားပါတယ်။ ဧရာဝတီတိုင်း ဓနုဖြူမြို့မှာ အခြေစိုက်ပါတယ်။

ကျွန်ုပ်။ ။ ဘယ်လိုအခြေအနေမျိုးမှာ တိုက်ပွဲဝင်ပါသလဲ။

နောင်တော်ကြီး။ ။ မြန်မာနိုင်ငံစောင့်နတ်ကြီးများကဘယ်စစ်မြေပြင်မှာ မြန်မာစစ်တပ်ဘက်က သွားတိုက်ပါလို့ အမိန့်ပေးပါတယ်။

ကျွန်ုပ်။ ။ သုံးဖွဲ့လုံးခိုင်းတာလား။ တစ်ဖွဲ့ချင်း ခိုင်းတာလား။

နောင်တော်ကြီး။ ။ တစ်ဖက်ရန်သူရဲ့ အင်အားကိုကြည့်ပြီး မိမိရဲ့တပ်အင်အားကို အသုံးပြုပါတယ်။

ကျွန်ုပ်။ ။ တစ်ဖက်ရန်သူကရော ဘုရင်ကြီးတို့လို ပရလောက,က စစ်သည်တွေပါဝင် တိုက်ခိုက်တာ ရှိပါသလား။

နောင်တော်ကြီး။ ။ ရှိပါတယ်။

ကျွန်ုပ်။ ။ ကျွန်တော်တို့နဲ့ ယိုးဒယားနဲ့ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းမှာ စစ်တိုက်ရတာ မရှိပါဘူး။ ဘယ်လိုကြောင့် ယိုးဒယားက ပရလောက စစ်သည်တွေ ပါလာရသလဲ။

နောင်တော်ကြီးမင်း။ ။ လမ်းစဉ်ပါတီခေတ်က ကရင်သူပုန်နဲ့တိုက်တဲ့တိုက်ပွဲတွေ၊ ပြည်ပြေးအစိုးရနဲ့ တိုက်တဲ့ တိုက်ပွဲတွေမှာ ယိုးဒယားစစ်တပ်က ကရင်စစ်သားရောင်ဆောင်၊ ပြည်ပြေးစစ်သားရောင်ဆောင်ပြီး ဝင်တိုက်တာတွေရှိတယ်။အဲဒီအခါမှာ ကျုပ်တို့ဘက်ကလည်း စစ်သူကြီးများ တပ်ရင်းက စစ်သည် ၃၀ဝလောက် ဝင်တိုက်ပေးရတယ်။

ကျွန်ုပ်။ ။ သူတို့ဘက်က ယိုးဒယားစစ်သား ဘယ်လောက်၊ ပရလောကဘက်က စစ်သားမျှ ပါဝင်တိုက်ခိုက်ကြပါသလဲ။

နောင်တော်ကြီး။ ။ ယိုးဒယားစစ်သားဘယ်လောက်၊သူပုန်အရေအတွက်ဘယ်မျှ တိုက်တာတော့သိမရဘူး။နတ်စစ်သားက ၁၀ဝ လောက် ဝင်တိုက်တာတော့သိရတယ်။ဒါကြောင့်လဲ ကျုပ်တို့ဘက်က အင်အား၃၀ဝ လောက်နဲ့ ပါဝင်ကူညီတိုက်ပေးတာပါ။

ကျွန်ုပ်။ ။ ဘုရင်ကြီးတို့တိုက်တော့ ဘယ်လို လက်နက်တွေနဲ့ တိုက်ကြတာလဲ။

နောင်တော်ကြီး။ ။ ရှေးခေတ်က ဓား၊ လှံ၊ အဲမောင်းလက်နက်တွေနဲ့ ပရလောကသားချင်း ရင်ဆိုင် တိုက်ကြတာပါ။ ကျုပ်တို့စစ်သားတွေက ယိုးဒယားစစ်သည်အားလုံးကို ခြေမှုန်းနိုင်ပါတယ်။

Manawmaya Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ