ဗီတာမင်(D) ချို့တဲ့သော အမျိုးသားများ ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေပိုများ

  အမျိုးသားများတွင် ဗီတာမင်(D)ဓာတ် ချို့တဲ့ခြင်းသည် ဆီးကြိတ်ကင်ဆာ ဖြစ်ပေါ်နိုင်ခြေကို ပိုမိုမြင့်တက်လာစေကြောင်း သုတေသီများက ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံ နော့သ်ဝက်စ်တန်း တက္ကသိုလ်မှ သုတေသီများသည် အမျိုးသား (၆၀၀)တို့တွင် မှတ်တမ်းယူ လေ့လာမှုများဖြင့် ယခုသုတေသန ရလဒ်ကို အတည်ပြု ကြေညာခဲ့ခြင်း ဖြစ်သည်။ အမျိုးသားများတွင် ဗီတာမင်(D)ဓာတ် အားနည်းသည့်အခါ ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေသည် သာမန် ပမာဏထက် သိသာစွာ တိုးပွားမှု ရှိလာကြောင်း Clinical Cancer Research ဆေးပညာ ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။

သုတေသီများက ဆီးကြိတ်ကင်ဆာနှင့် ဗီတာမင်(D)တို့ကြား ခိုင်မာအားကောင်းစွာ ဆက်နွယ်မှု ရှိနေသည်ဟု ယုံကြည်လျှက် ရှိသည်။ “ဗီတာမင်(D) အားနည်းချို့တဲ့သွားတဲ့အခါ ဆီးကြိတ်မှာ အကြိတ်တွေ ဖြစ်ပေါ်စေတဲ့ ဇီဝဖန်တီးမှုတွေက ပိုအားကောင်းလာတယ်။ ဒီတွေ့ရှိချက်ဟာ အမျိုးသား တော်တော်များများကို လေ့လာပြီး တူညီတဲ့ ကောက်ချက်အဖြစ် သတ်မှတ်နိုင်ခဲ့ပါတယ်”ဟု ဦးဆောင်သုတေသီ ဒေါက်တာ အဒမ်မာဖီက ပြောကြားခဲ့သည်။ ၎င်းက “နောက်ထပ် သုတေသန လုပ်ငန်းတွေတော့ ဆက်လုပ်ဖို့ လိုနေဦးမှာပါ။ ဒါပေမဲ့ အမျိုးသားတွေ အနေနဲ့ ဗီတာမင်(D) ပြတ်လပ်မှုကို အဖြစ်မခံတာဟာ ပညာရှိ နည်းလမ်းနဲ့ လုပ်ဆောင်မှု တစ်ခုအဖြစ် ကျွန်တော်တို့ အကြံပြုချင်ပါတယ်”ဟုလည်း မှတ်ချက်ပေးခဲ့သည်။

ဗီတာမင်(D)သည် နေရောင်ခြည် ခံယူခြင်းကဲ့သို့ နည်းလမ်းမျိုးဖြင့် အရေပြားမှတစ်ဆင့် စုဆောင်းဖြည့်တင်းနိုင်သည်။ ဒေါက်တာမာဖီက “ဗီတာမင်(D) ချို့တဲ့မှုဟာ လူဖြူတွေထက်စာရင် အသားရောင်ရင့်တဲ့ အမျိုးသားတွေမှာ ပိုပြီး အဖြစ်များလေ့၊ သက်ရောက်လေ့ရှိတယ်။ ကျွန်တော်တို့ လေ့လာမှုတွေအရ အာဖရိကဖွား အမေရိကန်တွေက ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများတတ်တာကိုလည်း တွေ့ရှိရပါတယ်။ ပြောရရင်တော့ ခန္ဓာကိုယ်ရဲ့ဗီတာမင်(D) ပမာဏကို နှစ်စဉ် ဆန်းစစ်နေတာမျိုး လုပ်သင့်တယ်။ တကယ်လို့ ဗီတာမင်(D) ယုတ်လျော့အားနည်းနေတယ် ဆိုရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးပြီး သင့်တင့်တဲ့ အားဖြည့်မှုမျိုး ပြုလုပ်သင့်ပါတယ်”ဟုလည်း အကြုံပြုသွားခဲ့သည်။

Planet Myanmar Network.

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ