သန်လျင်မြို့နယ်တွင် မီးလောင်မှုဖြစ်

 ရန်ကုန်၊ မေ ၁၁

  ၁၁.၅.၂၀၁၄ရက်နေ့ ၁၂၃၅အချိန် သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာ၊ နယ်မြေ(၆)၊ ရေဆိပ်ကြီးလမ်းရှိ ကိုခင်မောင်အေး (၅၀)နှစ်၊ (ဘ)ဦးတင်အေးနေအိမ်တွင် ရေတင်ရန်အတွက် မီးစက်နှိုးစဉ် မီးစက် အိတ်ဇောပိုက်မှ မီးဖွားများ ပွင့်ထွက်ကာ အနီးတွင်ရပ်ထားသော ဆိုင်ကယ်၏ ကာပရိုက်တာမှ ဓါတ်ဆီများ ကျနေသည့်နေရာသို့ မီးဟပ်မိရာမှ စတင်လောင်ကျွမ်းခဲ့ရာ ၎င်း၏နေအိမ်နှင့် ပတ်ဝန်းကျင် ရှိနေအိမ်(၃)လုံးတို့အား ကူးစက်လောင်ကျွမ်းသွားခဲ့သဖြင့် ပြည်သူများနှင့် မီးသတ်ယာဉ်များရောက်ရှိ ငြှိမ်းသတ်ခဲ့၍ ၁၃၁၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ကိုခင်မောင်အေး အား သန်လျင်မြို့မရဲစခန်း(ပ) ၃၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ