တညင်းကုန်း ဘူတာဈေး၌ ကုန်ထမ်းသည့် ကိစ္စဖြင့် စကားများ ရန်ဖြစ်ပြီး ဓါးဖြင့် ထိုးခဲ့၍ အမျိုးသား တစ်ဦးသေဆုံး

 ရန်ကုန်၊ မေ ၁၀

  ၁၀.၅.၂၀၁၄ရက်နေ့ ၀၅၀၀အချိန်တွင် အင်းစိန်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်ဆေးရုံသို့ လူတစ်ဦး ဓါးထိုးခံရ၍ သေဆုံးရောက်ရှိ လာကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ
ကိုတင်လှ (ဘ)ဦးပိန်းကွေး၊ ရွှေပြည်သာမြို့နယ် နေသူဖြစ်ပြီး ယာလက်မောင်း ထိုးသွင်းဒဏ်ရာ၊ ၀ဲလက်မောင်း ပြတ်ရှဒဏ်ရာနှင့် ၀ဲပခုံးပေါက်ပြဲ ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ၀၄၃၀ အချိန်ခန့်က အင်းစိန်မြို့နယ်၊ တညင်းကုန်းဘူတာဈေးသို့ ကန်စွန်းရွက်ရောင်းရန် ရောက်ရှိစဉ် ဘူတာဈေး၌ ကုန်ထမ်းသူ အင်းစိန်မြို့နယ်၊ တညင်းကုန်း ရပ်ကွက်နေ ရန်လင်းဦး (၂၆)နှစ်၊ (ဘ)ဦးညိုသင်းမှ ကန်စွန်းရွက်ထုပ်အား ထမ်းမည်ပြုသည်ကို မထမ်းရန်ပြောဆိုရာမှ စကားများရန်ဖြစ် ခဲ့ကြပြီး ရန်လင်းဦးမှ ၎င်း၏ညီဖြစ်သူ ကိုမင်း(၂၄)နှစ်၊ (ဘ)ဦးညိုသင်းအား နေအိမ်သို့ သွားရောက်ခေါ်ဆောင်ခဲ့ရာကိုမင်းမှဓါးကိုင်၍ လိုက်လာပြီး ကိုတင်လှအားထိုးခဲ့၍ ဒဏ်ရာများ ရရှိသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ကိုတင်လှသေဆုံးမှုနှင့် ပတ်သက်၍ ရန်လင်းဦးနှင့် ကိုမင်းတို့အား အင်းစိန်မြို့မရဲစခန်း(ပ) ၄၃၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂/၁၁၄ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ