အမိုက်စားဂီတတွေနဲ့ စန္ဒီမြင့်လွင်ရဲ့ ကလီယိုပါထရာ

 ဇွန်လ ၁ရက်တွင်ထွက် ရှိမည့် တတိယအယ်လ်ဘမ်‘ကလီ ယိုပါထရာ’စီးရီးသည် ယခင်ထွက် ရှိခဲ့သော   စီးရီးများနှင့်မတူဘဲ ဂီတပုံစံကွာခြားကြောင်း စန္ဒီမြင့် လွင်ကပြောသည်။

‘‘ပထမအခွေနဲ့က ကွာခြား ချက်က အများကြီးရှိပါတယ်။ အ ရင်ခွေနဲ့မတူလောက်တော့ဘူး။ သီချင်းတီးလုံးတွေရော၊ ဂီတတွေ ရောအမိုက်စားတွေချည်းပဲလုပ် ထားပါတယ်။ ဒီခွေမှာ ဘ၀သရုပ် ဖော်တွေရော၊ အချစ်၊ အမုန်းတွေ အကြောင်းရေးထားတာအများ ကြီးပါပါတယ်’’ဟု စန္ဒီမြင့်လွင်က ပြောသည်။

တေးရေးမောင်သစ်မင်းရေးသားထားပြီး အယ်လ်ခွန်းရီသီဆို ခဲ့သော ခေါင်းစဉ်သီချင်း‘ကလီယို ပါထရာ’ ကို စန္ဒီမြင့်လွင်၊ ဖြူဖြူ ကျော်သိန်း၊ နေ၀င်း(Snare) တို့ သုံးဦးပေါင်းကာ ခေတ်နှင့်အညီ ပြန်လည်သီဆိုထားသည်။ အယ်လ်ဘမ်တွင် ပြန်ဆိုတေးအဖြစ် ယင်း သီချင်းတစ်ပုဒ်သာပါဝင်ကြောင်း သိရသည်။

ယင်းအခွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားထားသော်လည်း ပရိသတ်အားပေးမှုကို အများကြီးမမျှော်လင့်ရဲကြောင်း စန္ဒီ မြင့်လွင်ကပြောသည်။ စီးရီးထွက်ရှိပြီးနောက်တွင် အမ်တီဗီရိုက်ကူး ရန် အချိန်ယူပြင်ဆင်ရဦးမည်ဟု ၎င်းကဆိုသည်။

‘ကလီယိုပါထရာ’အခွေ ပရို မိုးရှင်းကို အခွေထွက်မည့်ဇွန် ၁ ရက် ညနေ ၅နာရီတွင် Junction Square၌ ပရိသတ်များကို အမှတ် တရလက်မှတ်ရေးထိုးခြင်းနှင့် တေးသီချင်းများဖျော်ဖြေပေးသွား မည်ဖြစ်ကြောင်းသိရသည်။

Author: ကြူကြူဟန်
7Day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ