ကမ္ဘာကျော် အက်ရှင် မင်းသားကြီး စတားလုံးနှင့် အာနိုးတို့ ကိန်းစ် ရုပ်ရှင်ပွဲတော်သို့ တင့်ကားများစီး၍ ပွဲတက် လာခဲ့

  ကမ္ဘာကျော် အက်ရှင် မင်းသားကြီးများ ဖြစ်ကြသော စတားလုံး၊ အာနိုးရှာဝါဇီနီဂါနှင့် မယ်လ်ဂစ်ဆန် တို့သည် ကိန်းစ် ရုပ်ရှင်ပွဲတော်သို့ တင့်ကားများ စီး၍ ထူးခြားစွာ ပွဲ တက်ရောက်လာခဲ့ကြောင်း သိရသည်။

ထို့ပြင် စတားလုံး ဦးဆောင်သော အက်ရှင် မင်းသားကြီး သုံးဦးသည် အဆိုပါ ရုပ်ရှင်ပွဲတော်၌ ဘိုကိုဟာရမ် စစ်သွေးကြွများ ဖမ်းဆီးထားသည့် နိုက်ဂျီးရီးယား နိုင်ငံမှ ဆယ်ကျော်သက် အရွယ် ကျောင်းသူလေးများကို ပြန်လည် လွှတ်ပေးရန် လှုပ်ရှားမှုကို ထောက်ခံသည့် အနေဖြင့် အပြစ်မဲ့သော မိန်းကလေး ငယ်များကို ပြန်လည် လွှတ်ပေးပါဟူသော စာတန်းများကို ကိုင်ဆောင်၍ လှုံ့ဆော်ခဲ့သည်။

ကိန်းစ် ရုပ်ရှင်ပွဲတော်၌ ပြသသော The Expendables 3 ဇာတ်ကားတွင် စတားလုံး၊ အာနိုးရှာဝါဇီနီဂါနှင့် မယ်လ်ဂစ်ဆန်တို့ အပါအဝင် နာမည်ကြီး အက်ရှင် မင်းသားများ ဖြစ်ကြသော ဟာရစ်ဆန်ဖို့ဒ်၊ အန်တိုနီအို ဘန်ဒီရက်စ်၊ ဂျက်ဆန်စတာသန်၊ Dolph Lundgren နှင့် ဝက်စလေစနိုက်စ် အစရှိသည့် အက်ရှင် မင်းသား ၁၅ ဦး ပါဝင်ကြောင်း သိရသည်။

အက်ရှင် မင်းသားကြီး စတားလုံးက The Expendables 3 ဇာတ်ကားတွင် ပါဝင်သော မင်းသားအားလုံး သည် ချောမောပြီး ဥာဏ်ရည် ထက်မြက်သူများ ဖြစ်သည့်အပြင် အလွန် ကြည့်ကောင်းသော ကိုယ်နေဟန် အချိုးအစားနှင့် သွားများကိုလည်း ပိုင်ဆိုင်ကြောင်း ရယ်စရာ အနေဖြင့် ပြောကြားခဲ့သည်။

ထို့ပြင် အက်ရှင် မင်းသား အားလုံးသည် ခေတ်တစ်ခေတ်နှင့် တစ်ခေတ် မတူသော်လည်း စွမ်းအား အပြည့်ဖြင့် သရုပ်ဆောင်ပုံ ချင်းမှာ အတူတူပင် ဖြစ်ကြောင်း၊ ထာဝရ နုပျိုသူများ ဖြစ်ကြောင်း စတားလုံးက ထပ်လောင်း ပြောကြားခဲ့သည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ