ကင်မ်ဂျုံအန်ရဲ့ ပရိသတ် Big Bag

 မြောက်ကိုရီးယား သမ္မတ ကင်မ်ဂျုံအန်း၏ ပရိသတ်တစ် ဦးဖြစ်သောကြောင့် ‘We Are Big Bag’ အမည်ရှိ Mini Albumတွင် ကင်မ်ဂျုံအန်အလေးပြုနေပုံကို  အယ်လ်ဘမ်ကာဗာပြုလုပ်ထား ခြင်းဖြစ်ကြောင်း ကျားပေါက်က ပြောသည်။

‘‘ကျွန်တော်နဲ့ Green Box ရဲ့ အိုင်ဒီယာပါ။ ကျွန်တော်က ကင်မ်ဂျုံအန်ရဲ့ပရိသတ်ပါ။ အဲဒါ ကို သိပ်မရှင်းပြချင်လို့သိပ်ပြောစ ရာမရှိပါဘူး။ လုပ်ချင်တာကိုလုပ် လိုက်တဲ့ကိစ္စတစ်ခုပါပဲ’’ဟု ကျား ပေါက်ကပြောသည်။

ယနေ့(မေလ၂၀)တွင် အွန် လိုင်း၌ ရောင်းချမည့်ကျားပေါက် သီဆိုထားသောသီချင်းနှစ်ပုဒ်ပါ ၀င်သည့် ‘‘We are Big Bag ’’အ မည်ရှိ မြောက်ကိုရီးယားခေါင်း ဆောင်ကင်မ်ဂျုံအန်အလေးပြုနေ သောပုံဖြင့် အယ်လ်ဘမ်ကာဗာ ပြုလုပ်ထားသော မီနီအယ်လ် ဘမ်ကို မေလ ၁၉ ရက်က ပရိသတ်များကို Big Bag ဖေ့စ်ဘွတ်ခ် စာမျက်နှာမှတစ်ဆင့် မိတ်ဆက် ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံကို အာဏာရှင်ဆန်ဆန်အုပ်ချုပ် သော သမ္မတကင်မ်ဂျုံအန်သည် ကမ္ဘာတွင် နာမည်ဆိုးနှင့်ကျော် ကြားသောပုဂ္ဂိုလ်တစ်ဦးဖြစ် သည်။

မီနီအယ်လ်ဘမ်တွင် ကျား ပေါက်ရေးသားထားသည့် ‘မျက် နှာရူး’၊‘သည်းခံ’ သီချင်းနှစ်ပုဒ် တွင် ပါဝင်သောစကားလုံးများ သည် အသက်အရွယ်ငယ်ရွယ် သောကလေးများနားထောင်ရန် မသင့်ဟုယူဆသောကြောင့် ‘အ သက် (၁၃)နှစ်အောက်ကလေး များ နားမထောင်ရ’ ဟု တားမြစ် ထားသည်။ထိုသီချင်းနှစ်ပုဒ်ကို Myanmar Music Store တွင် မေ လ ၂၀ရက်မှစတင်၍ တစ်ပုဒ်ကို သုံးရာကျပ်ဖြင့် ၀ယ်ယူနိုင်ကြောင်းသိရသည်။

‘‘ကျွန်တော်တို့ ဂီတစကား လုံးတွေ နည်းနည်းကြမ်းလို့ပါ။အ ရင်တုန်းကတော့ ဒီစနစ်မရှိခဲ့ဘူး လေ။ ဒီမှာ ဆင်ဆာကိုကျော်ပြီး လုပ်လို့မရဘူး။ အရင်တုန်းက ဆင်ဆာဖြတ်တယ်လေ။    အခု တော့ မရှိတော့ဘူး။ ကိုယ့်တာဝန် ကိုယ်ယူရတာပေါ့။ (၁၃)နှစ် အောက်ကလေးတွေ နားမထောင် သင့်ဘူး။ ကျွန်တော့်ကလေးတွေ တောင်ပေးနားမထောင်ဘူး’’ဟု ကျားပေါက်ကပြောသည်။

ယနေ့လိုနေ့မျိုးတွင် တစ်ခွေ လုံးထွက်ချင်ခဲ့သော်လည်း အခြေ အနေတစ်ခုကြောင့်ထွက်ရှိမည့် ရက်ကို စောင့်ဆိုင်းလိုက်ရခြင်း ဖြစ်ပြီး လတ်တလောတွင် နှစ်ပုဒ် တည်းထွက်လာနိုင်သည့်အတွက် ပရိသတ်များကို   တောင်းပန်လို ကြောင်း   ကျားပေါက်က  ပြော သည်။  ဇွန်၊ ဇူလိုင်  နောက်ဆုံး ထားကာ တစ်ခွေလုံးထွက်ရှိမည် ဟုဆိုသည်။

Author: ကြူကြူဟန်
7Day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ