ကိုယ်ဝန်ဆောင်ကာလ ဒုတိယ သုံးလပတ် အတွင်း ယာဉ်မတော်တဆမှုမှာ အပြင်းအထန်ဒဏ်ရာရခြင်း အန္တရာယ်ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ မြင့်တက်နေတယ်လို့ ကနေဒါနိုင်ငံရဲ့ လေ့လာမှုသစ်တစ်ရပ်အရ သိရပါတယ်။
အရေးပေါ်ခန်းကိုပို့လိုက်ရတဲ့ ယာဉ်မတော်တဆမှုတစ်ခုမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ပါဝင်ပတ်သက်နိုင်နှုန်း ဟာ သာမန်အမျိုးသမီးတွေနဲ့ယှဉ်ရင် ၄၂ရာခိုင်နှုန်း ပိုများကြောင်း သုတေသီတွေက ရှာတွေ့ခဲ့ပါတယ်။
“ပုံမှန်ကိုယ်ဝန်ဆောင်မှု တစ်ခုမှာ ပင်ပန်းနွယ်နယ်မှုတွေ၊ မအီမသာဖြစ်တာတွေ၊ စိတ်အခြေအနေ မတည်ငြိမ်တာတွေ၊ စိုးရိမ်ကြောင့်ကျမှုတွေ နဲ့ အနှောင့်အယှက်အာရုံတွေ အများကြီးဖြစ်နေနိုင်ပါတယ်။ ဒါတွေအားလုံးဟာ အာရုံပျက်ပြားတဲ့ ယာဉ်မောင်းနှင်မှုကို ဖြစ်လာစေနိုင်ပါတယ်။” လို့ Toronto တက္ကသိုလ်က ဦးဆောင်စာတမ်းပြုသူ ဒေါက်တာ Donald Redelmeier က ပြောပြခဲ့ပါတယ်။
Ref:uk.reuters.com
Treand myanmar
ကိုယ်ဝန်ဆောင်စဉ် ယာဉ်မောင်းနှင်နေသူများ အထူးသတိပြုဖို့လို
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin