စေတန်ရဲ့ကချေသည် ရုပ်ရှင်ဇာတ်ကားကို မှတ်တမ်းအနေနဲ့ မဟုတ်ဘဲ မှတ်တိုင်အနေနဲ့ ရိုက်ခဲ့တာဆိုတဲ့ ဒါရိုက်တာ ဝိုင်း

ဒါရိုက်တာ ဝိုင်းက “စေတန်ရဲ့ကချေသည်” ရုပ်ရှင် ဇာတ်ကားနဲ့ပတ်သက်ပြီး မှတ်တမ်း အနေနဲ့ မဟုတ်ဘဲ မှတ်တိုင် အနေနဲ့ရိုက်ကူးခဲ့တာပါလို့ ပြောပြ ပါတယ်။

အဓိက အနေနဲ့ ဒီဇာတ်ကားထဲမှာ မျက်လုံးနဲ့အသံကို သရုပ်ဆောင်စေ ခဲ့တယ်လို့ ပြောပြတာကြောင့်

“ဒီဇာတ်ကားလေးက ကြည့်ရခဲတဲ့ အချစ်ကား ကောင်းတစ်ကားပါ။ ဇာတ်ညွှန်းပိုင်း ကို အတတ်နိုင်ဆုံး ကောင်းအောင် ကြိုးစားတည် ဆောက်
ထား တယ်။ အစ်ကိုပြောတာထက် ကြည့်တာက ပိုပြီးခံစားရပါလိမ့်မယ်။ အန်နီမေးရှင်းအနေနဲ့ လည်း ထည့်ထားတယ်။ ကြည့်ရတဲ့ ၄ စက္ကန့်လေး အတွင်းမှာတောင် မျက်စိပသာဒ ဖြစ်အောင် စေတနာထားပါတယ်။ ဇာတ်ညွှန်း ပေးထားတော့ သရုပ်ဆောင် တွေ ရဲ့ သရုပ်ဆောင်မှုက ထူးခြားပြောင်မြောက်နေတာကို တွေ့ရမှာပါ။ သူတို့ကိုယ်တိုင်က ဒီဇာတ်ကားအပေါ် စိတ်ဝင်တစားရှိတာရယ်၊ တက်ကြွမှုရှိတာ ရယ်ကြောင့်ပေါ့။

အဓိကက မျက်လုံးနဲ့အသံကို အဓိကထားပြီး သရုပ်ဆောင်စေတာပါ။ မျက်လုံးထဲမှာ ခံစားချက်အပြည့် အဝရှိမှသာလျှင် အချစ်ကားတွေ က အောင်မြင်မှာပါ။ ဒီကားကို အစ်ကို မှတ်တမ်းအနေနဲ့ ရိုက်တာမဟုတ်ဘူး။ မှတ်တိုင်တစ်ခုအနေနဲ့ ရိုက်တာပါ။ ကျိန်းသေတာ တစ်ခုကအောင်မြင်ရင် မှတ်တိုင်ဖြစ်ပြီး ကျဆုံးရင်မှတ်တမ်း ဖြစ်တတ်ပါတယ်။ ဒီလိုကားမျိုးပုံစံဆိုတာ အစ်ကို့ရဲ့စိတ်ကူး၊ ကြိုးစား ကြံစည်မှု နဲ့ ရိုက်ခဲ့တာ။ နောက်တစ်ခါ ပြန်ရိုက်နိုင်ဖို့ ဆိုတာ မလွယ်ဘူး။ အနုပညာဆိုတာ အဲဒီလို ခဏခဏ စိတ်ကူးမရ ဘူး။ မှော်ဝင်နေတဲ့ အချိန်မှာရတဲ့ စိတ်ကူးဖြစ်တဲ့အတွက် ပရိသတ်ရဲ့ အသံကို ကျိန်းသေကြားချင်ပါတယ်” လို့ ပြောပါတယ်။

ဒါရိုက်တာ ဝိုင်းက မေလမှာ “ချစ်လှစွာသောအမုန်း” ဆိုတဲ့ ရုပ်ရှင်ကားကြီး ကို အောင်ရဲလင်း၊ သက်မွန်မြင့်၊ ဝတ်မှုံရွှေရည်တို့နဲ့ အတူ ရိုက်ကူးဖို့ရှိပြီး “သမ္မတကြီးထံပေးစာ” ဇာတ်ကား အတွက်လည်း ရိုက်ကူးရေး နှစ်လ နားထားတဲ့အချိန်မှာ ဇာတ်ညွှန်းရေး နေတယ်လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
Popular Journal


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ