ဂျပန်နိုင်ငံမှာ ဒါရိုက်တာအဖြစ်ရိုက်ကူးနေတဲ့ ဒါရိုက်တာ ဘိတ်ကလာတဲ့ ငံပြာရည်ရဲ့ မြေးဖြစ်သူ အာကာဟိန်း

ဝါသနာ ပါရာကို အစဉ်တစိုက် ကြိုးစားလုပ်ကိုင်ရင်း အောင်မြင်မှု ပန်းတိုင်ဆီကို လျှောက်နေကြတဲ့ လူငယ် မျိုးဆက်သစ်တွေ အနုပညာ လော ကမှာ အများကြီးပါပဲ။ တချို့ လူငယ်တွေ ကတော့ ပြည်တွင်း မှာ နေထိုင်ပြီး အနုပညာကို လုပ်ကိုင် နေကြသလို၊ တချို့ လူငယ်တွေက တော့ ပြည်ပ မှာ နေထိုင်ရင်း ဝါသနာပါရာ အနုပညာကို ကြိုးစား လုပ် ဆောင်နေကြပါတယ်။

ဒီလိုဝါသနာ ပါရာကိုအရင်းခံပြီး ဂျပန်နိုင်ငံမှာ အနုပညာနဲ့ပတ်သက်ပြီး လုပ်ကိုင် နေတဲ့ လူငယ်တစ်ယောက် နဲ့ ပရိသတ်တွေကို မိတ် ဆက်ပေးချင်ပါတယ်။ သူကတော့ ဒါရိုက်တာ ဘိတ်ကလာတဲ့ ငံပြာရည်ရဲ့ မြေးဖြစ်သူ အာကာဟိန်းပဲဖြစ်ပါတယ်။ အာကာဟိန်းရဲ့ မိခင်ကတော့ ဒါရိုက်တာ သမီး ငံပြာရည်ပဲဖြစ်ပြီး ဦးလေးဖြစ်သူ ကတော့ ဒါရိုက်တာ သီဟကျော်စိုးပဲ ဖြစ်ပါတယ်။ အာကာဟိန်းရဲ့အစ်ကို ကတော့ ဒါရိုက်တာ ပြည်ဟိန်းသီဟပဲ ဖြစ်ပါတယ်။

အာကာဟိန်းက ဂျပန် နိုင်ငံကို အသက် ၁၇နှစ် အရွယ်မှာ ရောက်ရှိခဲ့ပြီး အခု ဆိုရင် အသက် ၂၅နှစ် အရွယ်တောင် ရောက်ရှိလာခဲ့ ပြီဖြစ်ပါတယ်။ ဂျပန်နိုင်ငံ မှာတော့ မြန်မာ လူငယ်သူငယ်ချင်းတွေ စုပြီး New Life Art Presents ဆိုတဲ့ Group လေးလုပ်ပြီး Documentary ၊ Wedding နဲ့ MTV တွေအဓိက ရိုက်ကူးနေပါတယ်။

“ကျွန်တော် အဓိက လုပ်တာကတော့ Video ပိုင်းပါ။ ဓာတ်ပုံရိုက်တဲ့ အပိုင်းကတော့ အခုမှ စလေ့လာတုန်းပါ။ ဂျပန်မှာ စလုပ်ဖြစ်တာက တော့ ၃နှစ်လောက် ရှိပါပြီ။ ပြည်ပ မှာရိုက်ကူးရေးတွေ လုပ်တဲ့ အခါတော်တော်ကို အခက်အခဲ တွေကြုံ ရပါတယ်။ ဒီမှာက ခွင့်ပြုချက် ယူပြီး ရိုက်တာမျိုး မဟုတ်တော့ တစ်ခါတလေ ရိုက်ဖို့ မီးတွေ ကင်မရာ တွေ အားလုံးပြင်ပြီးမှ ရဲလာပြောလို့ မရိုက်ရဘဲ ပြန်သိမ်းလိုက်ရတာတွေ လည်းရှိပါတယ်” လို့ ဂျပန်နိုင်ငံမှာ ရိုက်ကူးရေး ပိုင်းနဲ့ ပတ်သက်ပြီး လုပ် ဆောင်တဲ့အခါ အခက်အခဲ ရှိပုံကို အာကာဟိန်းက ပြောပြပါတယ်။

ဂျပန်နိုင်ငံမှာ ရိုက်ကူးရေးပိုင်း နဲ့ ပတ်သက်ပြီး သင်တန်းတွေ တက်ဖြစ် ခဲ့သေးလားလို့ အာကာဟိန်း ကိုမေးတော့ “ဂျပန်မှာတော့ သင်တန်း အနေနဲ့ကတော့ တက်ရောက် သင်ကြားခြင်း မရှိပါဘူး။ ဒီမှာက Internet လိုင်းကောင်း တော့ Internet အပေါ်မှာပဲ Tutorial Video တွေစာတွေ လိုက်ဖတ်ပြီး လေ့လာခဲ့တာပါ” လို့ ပြောပြပါတယ်။ အာကာဟိန်းက မြန်မာနိုင်ငံ ကနေ ဂျပန်နိုင် ငံကိုရောက်ရှိ လာကြတဲ့ အနုပညာ ရှင်တွေကိုလည်း ရိုက်ကူးရေးပိုင်း နဲ့ ပတ်သက်ပြီး လုပ်ဆောင်ပေးခဲ့ပါ တယ်။

“မြန်မာနိုင်ငံ က အနုပညာရှင် တွေနဲ့ ရိုက်ဖြစ် တာကတော့ Miss Myanmar International 2013 ကို ဂျပန်မှာ လာရောက် ယှဉ်ပြိုင်တဲ့ ဂုဏ်ရည်အေးကျော် နဲ့ ရိုက်ဖြစ်တာ ပထမဆုံးပါပဲ။ ဒုတိယမြောက် အနေ နဲ့ကတော့ အဆိုတော် ကိုဟန်ထွန်းရဲ့ တစ်ကိုယ်တော် စီးရီးဖြစ်တဲ့ “ခေါင်းနဲ့ ပန်း”တေးစီးရီးထဲက သီချင်းနှစ် ပုဒ် ဖြစ်တဲ့ “နင်စိတ်တိုင်းကျ”နဲ့ “ကန့်သတ် မှု” နှစ်ပုဒ်ကို ကျွန်တော် ဒါရိုက်တာလုပ် ပြီး ရိုက်ထား ပါတယ်။ ကျွန်တော် ပထမဆုံး ဒါရိုက်တာ လုပ်ပြီး ရိုက် ထားပါတယ်။ ကျွန်တော့် ရဲ့ ပထမဆုံး ဒါရိုက်တာ လုပ်ပြီး ရိုက်ထားတဲ့ ပွဲဦး ထွက် အခွေလေးဖြစ်လို့ တအားကို စိတ်လှုပ်ရှားခဲ့ ရပါတယ်။ “ကန့်သတ် မှု” သီချင်းကိုတော့ နှင်းတွေထဲမှာ ခက်ခက် ခဲခဲလေး ကို ရိုက်ထားရတာပါ။

အကောင်းဆုံး ကြိုးစားထားပေမယ့် ကျွန်တော့်ရဲ့ အတွေ့အကြုံ နည်းသေးတာကြောင့် လိုအပ်ချက် တွေတော့ ရှိမှာပါ” လို့ မြန်မာအနု ပညာရှင်တွေအတွက် ရိုက်ကူးရေး ပိုင်းနဲ့ ပတ်သက်ပြီး လုပ်ဆောင်ပေး ဖြစ်ခဲ့ခြင်းကို အာကာဟိန်းက ပြောပြပါတယ်။

အနုပညာနဲ့ ပတ်သက်ပြီး အားသစ်၊ အင်သစ်တွေနဲ့ ရှေ့ဆက်သွားမယ့် အာကာဟိန်း ရဲ့ ရည်မှန်းချက်ကတော့ “ကျွန်တော်ငယ်ငယ် ကတည်းက ဒါရိုက်တာ တစ်ယောက် တအား ကိုဖြစ်ချင်ခဲ့တာပါ။ အနုပညာပိုးကတော့ ကျွန်တော့် အဘိုး ဒါရိုက်တာ ဘိတ်ကလာတဲ့ ငံပြာရည် ကစခဲ့တယ်လို့ပြောရမှာ ပေါ့။ အဲဒီကနေ တစ်ဆင့် ဦးလေး ဒါရိုက်တာ သီဟကျော်စိုး နဲ့ ကျွန်တော့်အမေ ဒါရိုက်တာ သမီးငံပြာရည်က နေမှ ကျွန်တော်တို့ ညီအစ်ကိုတွေဆီကို အနုပညာ ပိုးတွေဝင်ခဲ့တယ်လို့ပဲဆို ပါတော့။

ကျွန်တော့် အစ်ကိုက တော့ ပြည်ဟိန်းသီဟ နာမည်နဲ့ ဒါရိုက်တာ တစ်ယောက် အဖြစ် ရပ် တည်နေပါပြီ။ ကျွန်တော်ကတော့ အခုမှ စကြိုးစားရမှာပါ။ ကျွန်တော့် အနေနဲ့ မကြာမီအချိန်အတွင်းမှာ မြန်မာပြည် ပြန်ပြီး ကိုယ့်ဝါသနာပါတဲ့ အနုပညာ အလုပ်ကို တစ်စိုက်မတ်မတ် လုပ်ဖို့ ဆုံးဖြတ် ထားပါ တယ်။ မြန် မာပြည်ရောက်ရင်လည်း အားပေးကြပါဦးဗျာ” လို့ ပြောပြခဲ့ပါတယ်။

ဂျပန်နိုင်ငံကို ၁၇နှစ်အရွယ် ကတည်းက ရောက်ရှိနေ ခဲ့တဲ့ အာကာဟိန်း က မြန်မာ့ရိုးရာ အတာ သင်္ကြန်ပွဲတော်ကိုလည်း လွမ်းဆွတ်နေခဲ့ ရပါတယ်။ သင်္ကြန် ပွဲတော် ကာလ ရောက်တိုင်း အမိမြေကို ပြန်ချင် တဲ့ခံစားမှုက တအားဖြစ်လေ့ရှိပါ တယ်လို့ အာကာဟိန်းက ဆိုပါတယ်။

“ကျွန်တော်ဆို မြန်မာပြည်မှာ သင်္ကြန် မကျရတာ ၈နှစ် ရှိပါပြီ။ ပြည်ပမှာလုပ်တဲ့ သင်္ကြန်ပွဲတွေမှာပဲ မြန် မာ မုန့်တွေစား၊ မြန်မာ သီချင်းတွေ နားထောင်ပြီး သင်္ကြန် အငွေ့အသက် ကို ပါးပါးလေးဖြေသိမ့်ကြ ရတာပေါ့။ ကျွန်တော်ဆို အလုပ်သွားဖို့ ရထား ပေါ်တက်လိုက်တာ ရထားက ချောင် နေတော့ စိတ်ထဲ မှာ သြော်… သင်္ကြန် ရက်မို့လို့ ရထားချောင်တာ ထင်တယ်လို့ တွေးမိပြီးမှ သြော် ငါ ရောက်နေတာ ဂျပန်ပဲ ဘာဆိုင်လို့ လဲလို့ တွေးမိလောက်အောင် ကို သင်္ကြန် ကို တော်တော်အရူးထတယ်။

သင်္ကြန်ဆိုတာ မြန်မာလူမျိုးတိုင်းရဲ့ နှလုံးသားပါ။ ပြည်ပမှာ ရောက်နေတဲ့ မြန်မာလူမျိုးတွေ အားလုံးရဲ့မျှော်လင့် ချက်က အိမ်ပြန်ချိန်ပါ။ ဒါပေမဲ့အကြောင်း အမျိုး အမျိုးကြောင့် မပြန် နိုင်ကြတဲ့လူတွေ အများကြီးပဲ။ နောင် နှစ်တွေမှာတော့ အားလုံးသော အားလုံးသော မြန်မာလူမျိုးတွေ သင်္ကြန် ပွဲတော်ကို အမိမြေမှာ ဆင်နွှဲ နိုင်ကြပါစေလို့ ဆုတောင်းပေးပါ တယ်” လို့ ပြည်ပရောက် မြန်မာလူ ငယ် တစ်ယောက်ရဲ့ သင်္ကြန်လွမ်းဆွတ်မှုကို အာကာဟိန်းက ဖွင့်ဟခဲ့ပါတယ်။

လင်းအက္ခရာ

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ