အင်တာနက်မှတစ်ဆင့် လိင်မြှူဆွယ်၍ ခြိမ်းခြောက် ငွေညှစ်သူ ၅၈ ဦးကို ဖိလစ်ပိုင်တွင် ဖမ်းဆီး

မနီလာ၊ မေ ၂

တစ်ကမ္ဘာလုံးရှိ အင်အာနက် အသုံးပြုသူများကို အင်တာနက်မှ တစ်ဆင့် လိင်ပိုင်းဆိုင်ရာ မြှူဆွယ်၍ ခြိမ်းခြေက် ငွေညစ်သူ ၅၈ ဦးကို ဖိလစ်ပိုင် ရဲတပ်ဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့တို့ ပူးပေါင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ယခု ဖိလစ်ပိုင်နိုင်ငံတွင် ဖမ်းဆီးခံရသူ ၅၈ ဦးစလုံးမှာ ဖိလစ်ပိုင် နိုင်ငံသားများ ဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ယခု ဖမ်းဆီးရမိသူများတွင် နိုင်ငံခြားသားများ ပါဝင်ပတ်သက်မှု ရှိသည်ဟု ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

အင်တာနက်မှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ မြှူဆွယ်၍ ခြိမ်းခြောက်ငွေညှစ်မှု ကျူးလွန်သူများကို ကလေးသူငယ် ညစ်ညမ်းဓာတ်ပုံများ အသုံးပြုခြင်း၊ ခြိမ်းခြောက်ခြင်း၊ နည်းပညာ အသုံးပြု၍ လိမ်လည်မှု ကျူးလွန်ခြင်း စသည့် ပြစ်မှုများဖြင့် တရားစွဲဆိုဖွယ် ရှိကြောင်း ဖိလစ်ပိုင်ရဲချုပ် အလန်ပူရီဆီမာက ပြောကြားသည်။

အင်တာနက်မှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ မြှူဆွယ်၍ ခြိမ်းခြောက်ငွေညှစ်ခြင်း ဆိုသည်မှာ လူမှုကွန်ရက် ဝက်ဘ်ဆိုက်များမှတစ်ဆင့် ငယ်ရွယ်ဆွဲဆောင်မှု ရှိသည့် အမျိုးသမီးများက အခြားလူများနှင့် ဆက်သွယ်ရင်းနှီးမှု ရပြီး နောက်ပိုင်း၊ ကွန်ပျူတာ ကင်မရာမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ မြှူဆွယ်မှု ပြုခြင်း ဖြစ်သည်။

ယင်းသို့ ပြုမူပြီးနောက် တစ်ဖက်လူ၏ လိင်ပိုင်ဆိုင်ရာ ဆွဲဆောင်မှု လုပ်ရပ်များကို ဗီဒီယိုဖိုင်ဖြင့် သိမ်းဆည်းထားပြီး ၎င်း၏ သူငယ်ချင်းများ၊ ဆွေးမျိုးမိဘများထံသို့ ဖြန့်ဝေမည်ဟု ခြိမ်းခြောက်၍ ငွေတောင်းခြင်း ဖြစ်သည်။

ယင်းသို့ အွန်လိုင်းမှတစ်ဆင့် လိင်မြှူဆွယ်ရာတွင် အသက်ကြီးသူများနှင့် ကလေးငယ်များကို အများစု ပစ်မှတ်ထားခြင်း ခံနေရကြောင်း ဖိလစ်ပိုင်ရဲချုပ် အလန်ပူရီဆီမာက ပြောကြားသည်။

ငွေညစ်ခံရသူများသည် ဖိလစ်ပိုင်ငွေ ပီဆို ၅၀၀ (အမေရိကန်ဒေါ်လာ ၁၁) မှ ပီဆိုငွေ ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၁၀၀၀) ထိ ငွေပေးရလေ့ ရှိကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် စကော့တလန်နိုင်ငံတွင် ယင်းကဲ့သို့ ခြိမ်းခြောက်ငွေညှစ်ခံရသူ တစ်ဦးမှာ အသက် ၁၇ နှစ်အရွယ်သာ ရှိသေးပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ