ငါးလအတွင်း ၃၇ ပေါင်ကျခဲ့တဲ့ တင်ဇာမော်ရဲ့ ၀ိတ်ချနည်း

အစားအသောက်ဖြင့် ခန္ဓာကိုယ် ၀ိတ်ကို ထိန်းသိမ်းကာ ငါးလအတွင်း ၃၇ ပေါင်ကျအောင် ပြုလုပ်နိုင်ခဲ့ပြီး နောက်ထပ်ဘော် ဒီဝိတ်ကျအောင် ထပ်မံကြိုးစား ဦးမည်ဟု  အဆိုတော်မတင်ဇာ မော်ကပြောသည်။

‘‘အစားထိန်းတာ တစ်ခုတည်းနဲ့ ငါးလနီးပါးအတွင်း လေ့ကျင့်ခန်းမလို၊ ပိန်ဆေးမလိုဘဲ ၀ိတ်ကျနိုင် တယ်ဆိုတာ  ယုံပြီလား။  ဒီဇင် ဘာလလယ် ၂၀၁၃ မှာ ပေါင်ချိန် ၁၆၀ နီးပါးကနေ မေလလယ် ၂၀၁၄ မှာ ၁၂၃ ပေါင်ကျန်တယ်။ ဆက်ကြိုးစားမယ်။ နောက်ထပ် ၁၀ ပေါင်လောက်ကျရင်တော်ပြီ’’ ဟု တင်ဇာမော်က ၎င်းဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားထားသည်။ထိုကဲ့သို့ ရေးသားထားသော စာနှင့် အတူလွန်ခဲ့သော ငါးလကပုံနှင့် ယခုပုံ၊ ဓာတ်ပုံနှစ်ပုံ  ယှဉ်တွဲကာ ပြသထားသည်ကို ပရိသတ်များ အံ့အားသင့်ခဲ့ပြီး တင်ဇာမော်၏ ၀ိတ်ချနည်းကို အများစုစိတ်ဝင် စားခဲ့ကြသည်။

‘‘ထမင်း၊ ဂျုံ၊ အာလူး မစား ဘူး။ သိပ်စားချင်လွန်းမှ ထမင်း စားဇွန်း လေးဇွန်းစာ၊ တစ်ပတ် လုံး သုံးကြိမ်အများဆုံးစားတယ်။ အသီးအရွက်ပြုတ်ဆီနည်းနည်း သုံး၊ အသုပ်ဆီနည်းနည်းပဲသုံး၊ ကြက်သားမှာ အရေခွံမစားဘူး။ ၀က်သားရှောင်တယ်။ ငါးများများစား။ ဘာစားစားဆာမှစား။ တစ် ခါစားရင် နည်းနည်းပဲ ဗိုက်ပြည့် ရုံပဲစား။ အရသာခံဖို့ မစားနဲ့။ ကျန်းမာရေးနဲ့ညီတာကို မကြိုက် လည်းစား။ နှမြောစာနဲ့ အားနာစာ လုံးဝရှောင်’’ဟု တင်ဇာမော်က ၎င်း၏ ၀ိတ်ချနည်းကို အွန်လိုင်း မှ တစ်ဆင့်ဖြေကြားပေးခဲ့သည်။

ရန်ကုန်တွင် အခြားဖျော်ဖြေ ပွဲများနှင့် နောက်ဆုံး မေလ၁၃ ရက်က တေးရေးမြင့်မိုးအောင်၏ သီချင်းများကို တစ်ကိုယ်တော်ပြန်လည် သီဆိုခဲ့သည်။ တင်ဇာမော်၏ သီဆိုနိုင်မှုစွမ်းအားကို ပရိသတ်များက အားပေး၊ ချီးကျူးခဲ့ပြီး အောင်မြင်သည့် ဖျော်ဖြေပွဲတစ်ခုဖြစ်ခဲ့သည်။  တင်ဇာမော်သည် မေလ ၁၇ရက်က အင်္ဂလန်သို့ ပြန်သွားခဲ့သည်။

Author: ကြူကြူဟန်
7Day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ