နေရောင်ခြည်သည် ပန်းနာရင်ကျပ်ေ၇ာဂါကို သက်သာစေနိုင်



ပန်းနာရင်ကျပ်ရောဂါရှိသူများ၏ ကိုယ်ခံအားမှာ အားနည်းသောကြောင့် ပြင်းထန်သော ပန်းနာရင်ကျပ်ရောဂါလက္ခဏာများကို ထိန်းချုပ်ရာတွင် ကူညီနိုင်သည့် ဗီတာမင်ဒီပါဝင်သော နေရောင်ခြည်နှင့်ထိတွေ့ပေးခြင်းဖြင့် ရောဂါလက္ခဏာများကို ထိန်းချုပ်နိုင်သည်ဟု ကျွမ်းကျင်ပညာရှင်များကပြောသည်။

ပန်းနာရင်ကျပ်ရောဂါသည်များမှာ ကိုယ်ခံအားနည်းပြီး ဗီတာမင်ဒီ ချို့တဲ့သောကြောင့် နေရောင်ခြည်နှင့် ထိတွေ့ပေးခြင်းဖြင့် ၎င်းတို့၏ ကိုယ်ခံအားကိုမြှင့်တင်ရန် ကူညီနိုင်သည်ဟုဖော့တစ်ဆေးရုံ၊ အဆုတ်ရောဂါကုဌာနညွှန်ကြားရေးမှူး ဗီဗက်နန်ဂျီးယားက ပြောသည်။ အဆုတ်တွင်းရှိ လေပြွန်လမ်းကြောင်းရောင်ရမ်းမှုကြောင့်ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားခြင်းဖြစ်သည်။ ယင်းလေလမ်းကြောင်းရောင်ရမ်းမှုကို ဗီတာမင်ဒီကလျှော့ချပေးနိုင်သည်။

ခန္ဓာကိုယ်ကို နေရောင်ခြည် ထိတွေ့ပေးခြင်းဖြင့် ရရှိနိုင်သော ဗီတာမင်ဒီက ပန်းနာရင်ကျပ်ရောဂါသည်၏ ကိုယ်ခံအားစနစ်အတွင်း နိုးကြားလွန်းသည့် အစိတ်အပိုင်းကိုတည်ငြိမ်စေနိုင်ကြောင်း လန်ဒန် ကင်းတက္ကသိုလ်မှ သိပံ္ပပညာရှင်များလေ့လာတွေ့ရှိခဲ့သည်။

သွေးဖြူဆဲလ်များက ထုတ်လုပ်သည့် မော်လီကျူးများအပေါ် ဗီတာမင်ဒီက အကျိုးသက်ရောက်မှု ရှိ၊ မရှိပညာရှင်များ စမ်းသပ်ရာ ဗီတာမင်ဒီမှာ ပန်းနာရင်ကျပ်ရောဂါရှိသူ၏ ဆဲလ်များမှ ထုတ်လုပ်သည့် အန္တရာယ်ရှိသော မော်လီကျူးများကို လျှော့ချပေးကြောင်း စမ်းသပ်တွေ့ရှိ ခဲ့ရသည်။

ပန်းနာရပ်ကျပ်ရောဂါသည်များကို ICS ဟု ခေါ်သော ကော်စတီ ကော့စ်စရွိုက်ရှူသွင်းစေခြင်းဖြင့် ကုသလေ့ရှိပြီး ယင်း ICS တွင် ဘေး ထွက်ဆိုးကျိုးများရှိကြောင်းနှင့် ယင်းဘေးထွက်ဆိုးကျိုးများတွင် ခန္ဓာကိုယ်တွင်းဗီတာမင်ဒီပါဝင်မှုကို လျော့ကျစေခြင်းလည်းပါဝင်သည်ဟု ပါရက်စ်ဆေးရုံမှ အဆုတ်ရောဂါထိပ်တန်းအတိုင်ပင်ခံ နီရာ့ခ်ျရူပတာက ပြောသည်။ ထို့ကြောင့် ပန်းနာရင်ကျပ်ရောဂါကို ကုသရန် ဆရာဝန် အားလုံးက ဗီတာမင်ဒီဖြည့်စွက်ပေးသောနည်းကို အသုံးပြုကြသည်ဟု ၎င်းကပြောသည်။  

     Ref: Internet

7Day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ